နိယာမ

သမီးတစ်ယောက်ဘဝတုန်းက
ကျွန်မဟာ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ဖူးတယ်

အတောင်အလက်တွေစုံလင်တော့
ဝေဟင်ဆီ အတောင်ဖွင့်ပြီး
လွတ်လပ်စွာ ပျံသန်းခဲ့ချင်တော့
မိဘရဲ့ရင်ခွင်ဟာ သိပ်ကျဉ်းတယ်လို့ ထင်ခဲ့ဖူးတယ်

ဟော...အခု
မိခင်တစ်ယောက်ရဲ့ ဘဝကိုရောက်တော့
နောင် အနှစ်နှစ်ဆယ်ဆီ မျှော်ကြည့်မိတဲ့အခါ
ပျံသန်းနေတဲ့ ငှက်ကလေးရယ်
ကျန်ရစ်ခဲ့တဲ့ ကျွန်မရဲ့ရင်ခွင်တစ်စုံကို
ဟာလာဟင်းလင်း မြင်လိုက်ရတယ်....
ဒါဟာ လောကရဲ့ အတုံ့အလှည့်တဲ့လားဟင်..



လွန်းထားထား(ဆေးတက္ကသိုလ်)
Faces Magazine (January, 2010)

1 comments:

သံသရာစက်ဝိုင်းထဲမှာ ရှင်သန်နေသ၍ အခြေအနေတွေ အနေအထားတွေ တစ်ပါတ်ပြန်လည် တတ်တဲ့သဘောတရား လေးကို မြင်ခဲ့တယ် ဆရာမရေ....။ဒါပေမယ့် အရာရာတိုင်းကတော့ အပ်ချမတ်ချ မတူညီနိုင်ပါဘူး ဆရာမရယ်....။

ခင်တဲ့(ဖိုးကြယ်)

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics