နှစ်ဦးသဘောတူ

လာသွားစို့
လက်တွဲကာ ရဲရင့်ရင်ဆိုင်
အန္တရာယ်တွေကို ကျော်ဖြတ်
အဲဒီလမ်းဟာ ဆူးခင်းထားပေမယ့်
နှစ်ဦးသဘောတူရင်
ပန်းပွင့်တွေကို နင်းရသလိုပေါ့။
နေရစ်တော့
လက်တွဲဖြုတ်မယ်ဆိုရင်
ခါးသက်တဲ့အဆိပ်တွေ မျိုချလို့
မသေခင်အချိန်လေးအတွင်း
နှစ်ဦးသဘောတူရင်
မာနစစ်ပွဲ တစ်ပွဲလောက် ခင်းလို့ရသေးတယ်။
ဘာမဆို
ဘာတွေပဲလုပ်လုပ်
နှစ်ဦးသဘောတူရမယ်၊
ဒါပေမယ့် နောက်ဆုံးတော့
အားလုံးကို ချန်ထားရစ်ခဲ့ပြီး
တစ်ယောက်တည်း သေဆုံးရမှာပ။      ။


လွန်းထားထား(ဆေးတက္ကသိုလ်)
(ဇန်နဝါရီ လေးရက် တစ်ထောင်ကိုးရာကိုးဆယ့်ရှစ်ခုနှစ်)

2 comments:

ပျော်ရွင်စရာတွေ မောဟတွေနဲ့ ဖြတ်သန်းလာခဲ့ပြီးမှ နောက်ဆုံးတော့ ဘယ်သူမှလွန်ဆန်လို့မရတဲ့ နိယာမနဲ့ အဆုံးသတ်ထားတဲ့ ကဗျာလေးက အမှန်တရားတစ်ခုကို မီးမောင်းထိုးပြနေတယ် ဆရာမရေ......

ခင်တဲ့(ဖိုးကြယ်)

 

ဘာမဆို
ဘာတွေပဲလုပ်လုပ်
နှစ်ဦးသဘောတူရမယ်၊...

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics