လွန်းထားထား


  • ၁၉၇၁ - ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-ဦးစိုးသွေး၊ အမိ-ဒေါ်မြရီတို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မထားထားလင်းဖြစ်သည်။
  • ၁၉၈၇ - အခြေခံပညာအထက်တန်းကို ရန်ကုန်မြို့ ဒဂုံ အ့ထ့က(၂)မှ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။ ထို့နောက် ဆေးတက္ကသိုလ်ဆက်တက်ခဲ့။
  • ၁၉၉၀ - ''မချစ်ရဲပါဘူးနော်'' ၀တ္ထုတိုဖြင့် စာပေလောကသို့ ရောက်ရှိခဲ့။
  • ၁၉၉၁ - အကြင်နာသူစိမ်း၊ အတူတူရှိလှည့်ပါ၊ မခွဲထာဝစဉ်၊ မြတ်နိုးမိသည်မှအပ လုံးချင်းဝတ္ထုရှည်များထွက်။
  • ၁၉၉၂ - ဆုံစည်းဖို့ရာ၊ ခွဲခဲ့ရသော်၊ ချစ်မြတ်နိုးလွန်းသူ၏နှလုံးသားသည် စသော လုံးချင်းဝတ္ထုရှည်များထွက်။
  • ၁၉၉၃ - သက်ဆုံးတိုင်၊ သမုဒယကင်း၊ အကြွေပန်း၏နိဒါန်း၊ ပဲ့ကြွေသွားသောနှလုံးသားတစ်ခု၏တမ်းချင်း၊ ငြိုးမာန်ဖွဲ့ စိမ်းရက်လေသလား။
  • ၁၉၉၄ - ချစ်ခြင်း၏အခြားမဲ့၌၊ ချစ်ခြင်းတစ်ခုတည်းဖြင့်သာ၊ ရစ်ဖွဲ့နှောင်သောကြိုး၊ မိုးကဲ့သို့ထစ်ချုန်းသော စသော လုံးချင်းဝတ္ထုများထွက်။
  •  ၁၉၉၅ - ကောင်းကင်ထက်ကနှင်းဆီ၊ အရိပ်၏အရိပ်၊ မမေ့အပ်တဲ့ကဗျာ ၀တ္ထုများထွက်။
  • ၁၉၉၆ - မျက်ဝန်းတွင် စွဲထင်ရစ်သော၊ အတောင်ပံတစ်စုံ အပြာရောင်ကြိုးတစ်စနှင့်၊ ဆိတ်ငြိမ်သောချစ်ခြင်း၏အသံ၊ ချစ်သူကပေးသော တစ်စုံတစ်ရာ၊ မိုးကောင်းကင်သို့တမ်းမက်သော၊ တောင်ထိပ်ဖျားကပန်းတစ်ပွင့်၊ အနီရင့် ရောင်နှလုံးသား၏အတ္ထုပ္ပတ္တိ၊ သစ္စာဖြင့်စီရင်အပ်သော၊ ကရုပ်ကလေး စသော လုံးချင်းဝတ္ထုများထွက်။
  • ၁၉၉၇ - အချစ်ကဖြားယောင်းသော၊ အချစ်၏ခံယူနိုင်စွမ်းအင်၊ မုန်တိုင်း၏ကဗျာ၊ ပေါက်ကွဲသံစဉ်၊ ဂန္တ၀င်မြောက်ချစ်ခြင်းဆီ၊ ပင်လယ်ပြာနှင့် ကောင်းကင်ပြာ၊ မိုးတိမ်တိုက်နှင့်လက်ထပ်ခြင်း၊ မေတ္တာစစ်ဖြင့်ပြတင်းပေါက်များ၊ ချစ်ခြင်း၏ပဉ္စလက်၊ ကြယ်တွေစုံသောည၊ လိပ်ပြာတစ်ကောင်၏ ရင်ခုန်သံ၊ ရင်ခွင်နန်းတော် စသော လုံးချင်းဝတ္ထုများထွက်။
  • ၁၉၉၈ - ဆေးပညာဖြင့် ဒေါက်တာဘွဲ့ M.B.B.S ဘွဲ့ရရှိ။ ရင်ခုန်ခြင်း၏ အနုပညာ၊ အဆိပ်ဖြင့် နူးညံ့သိမ်မွေ့သော၊ တစ်ယောက်ကတစ်ယောက်ကိုဖန်ဆင်းကာ၊ မိဖုယားရဲ့ချစ်သူ၊ နှလုံးသားဆုံချက်၏ အလယ်ဗဟိုတည့်တည့်၊ ပန်းနုရောင်နှင်းဆီမွေ့ယာ၊ နှလုံးသားဆီသို့ လျို့ဝှက်တံခါး၊ နှစ်ဦးသဘောတူ၊ ကောင်းကင်နှင့်ကြယ်၊ လမင်းရဲ့ဥယျာဉ်မှူး၊ သက်တော်စောင့်ရဲ့ သတို့သမီး၊ နှလုံးသားဖြင့် မြင်နိုင်သည် လုံးချင်းဝတ္ထုရှည်များထွက်။
  • ၁၉၉၉ - နှုတ်မဆက်တမ်း၊ အချစ်ဖြင့် ကမ္ဘာတည်သောကောင်လေးနှင့် အချစ်ကမ္ဘာ ပေါ်တွင်နေထိုင်သော ကောင်မလေး၊ အဖြူရောင်မြစ်တစ်စင်းရဲ့လျို့ဝှက်ချက်၊ ချစ်သူချော့တေး၊ ကောင်းကင်နှစ်စင်းပြိုင်၊ အချစ်စစ်မှာ၊ ပန်းတစ်ပွင့်ဖန်ဆင်းခြင်း၊ ရင်ခွင်တံခါး၊ စစ်မှန်စွာ-ရူးသွပ်စွာ-နက်ရှိုင်းစွာ၊ မာယာရထား၊ အချစ်ရဲ့တန်ခိုးများ၊ ချစ်သူတို့ရဲ့ တိုက်ပွဲ ၀တ္ထုများထွက်။
  • ၂၀၀၀ - မြားနတ်မောင်ရဲ့ချစ်ပုံပြင်၊ ပန်းသီသူရဲ့ချစ်ပုံပြင်၊ အချစ်-အဆိပ်၊ ရင်နှင့်ရင်း၍၊ ပန်းနုရောင်သင်္ကေတ၊ အနက်ရှိုင်းဆုံးပင်လယ်၊ နှလုံးသားလျို့ဝှက်ခန်း၊ နှလုံးသားမြို့သူ၊ အစွန်းရောက်ချစ်တတ်သူ၊ နှုတ်ခမ်းထက်ကဓားသွား၊ သင်ချစ်လျှင်ကျွန်ုပ်မမုန်းပါ၊ အချစ်သင့်သူ စသောဝတ္ထုများထွက်။
  • ၂၀၀၁ - ဧဒင်အိပ်မက်၊ ချစ်ခြင်းသင့်လက်တွင်းသို့ သက်ဆင်းခွင့်ပြုပါ၊ အချစ်စစ်ပြိုင်ပွဲ၊ ပဉ္စလက်ရင်ခွင်၊ နှုတ်၍မရသော မြှား၊ အချစ်စစ်ရှာဖွေသူများ၊ နောက်ဆုံးထွက်သက်ထိတိုင်၊ အသက်လိုငြိသူမယ်၊ သင့်ကိုချစ်၍ သင်ကချစ်သော၊ ကောင်းကင်ရဲ့အဖော်၊ လမင်းရဲ့ရံရွေတော်၊ သက်တံစီးသူများ စသော လုံးချင်းဝတ္ထုရှည်များထွက်။
  • ၂၀၀၂ - ၁၀၁ပွင့်နှင်းဆီ၊ မှန်ဇာဖြူပြတင်းနောက်ဝယ်၊ အချစ်ကိုဦးညွတ်ခြင်း၊ အမုန်းမဲ့မုသား၊ မြှားတစ်စင်းနှင့် ဘယ်ဘက်ရင်အုံ၊ ညှို့သောပင်လယ်နှင့် ဆွဲငင်သောလမင်း၊ ညှို့မီးလျှံနှင့်မေတ္တာရေစင်၊ ဂန္တ၀င်မြောက်သစ္စာ၊ ဒုတိယမြောက် ဟန်းနီးမွန်း၊ သက်တံမျှော်စင်၊ ထပ်တူထပ်မျှ၊ ကန့်လန့်ကာနောက်ကွယ်မှာ လုံးချင်းဝတ္ထုများနှင့်- ညီမလေးသို့လက်ဆင့်ကမ်းစကားများ၊ ညီမလေးတွေးဖို့ ဘ၀ဒဿနများ စသော ဒဿနစာအုပ်များထွက်။
  • ၂၀၀၃ - အချစ်ရဲ့မျက်နှာ တွေ့ဖူးချင်တယ်၊ အစစ်၊ လူယဉ်ကျေးရဲ့သစ္စာဝတ်မှုန်၊ ရင်ရိပ်ဥယျာဉ်၊ ပုံတူ၊ မာနယ်နောက်ဆက်တွဲများ၊ ချစ်ခြင်းသီတဲ့လက်များ၊ သတ္တမမြောက်သတို့သမီး၊ အချစ်ကစားသည်၊ တစ်သက်စာ ၀တ္ထုများထွက်။
  • ၂၀၀၄ - ရာဇ၀င်တွင်မယ့်သစ္စာ၊ လမင်းသစ်ပင်၊ ညှို့ချက်ပြင်းတယ်၊ သိင်္ဂါရပင်လယ်၊ အမုန်းနှင့်လက်တစ်ကမ်းအလို၊ သူ့စေညွှန်ရာစေ။ နှလုံးသွေးကြောရဲ့စီးဆင်းရာ၊ မနောက်နဲ့နော်၊ နှလုံးသားရဲ့ အမိန့်တော်အတိုင်း၊ ရင်ဘတ်ခဏငှားပါ စသော လုံးချင်းဝတ္ထုများနှင့်- ညီမလေးအတွက်အောင်မြင်မှုရဲ့သော့ချက်များ စသော ဒဿနစာအုပ်ထွက်။
 
    ဆရာမလွန်းထားထားသည် လုံးချင်းဝတ္ထုရှည်များအပြင် ၀တ္ထုတိုစုစုပေါင်း(၃၀၀)ကျော်လည်း ရေးသားခဲ့ပြီး ဖြစ်ပါသည်။ လုံးချင်းဝတ္ထုရှည်များမှ အချို့ကိုလည်း ဗီဒီယိုရိုက်ကူးခဲ့ပြီးဖြစ်သည်။

1 comments:

ညီမလေး နီနီ့  ကိုကျေးဇူ:အများကြီ:တင်ပါတယ်...

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics