အစစ်

မျက်ဝန်းတညှို့မှာ ...
ငါ .... အကြိမ်ကြိမ် ကျဆုံးခဲ့ဖူးလို့...
ဖြစ်နိုင်ရင်...
မင်းရဲ့ မျက်ဝန်းတံခါးတွေ သော့ခတ်ပိတ်ထားပေးပါ...

စကားတစ်ခွန်းမှာ...
ငါ ... အကြိမ်ကြိမ် ရူးသွပ်ခဲ့ဖူးလို့ ...
ကျေးဇူးပြုပြီး...
မင်းရဲ့ နှုတ်ခမ်းတွေ စေ့စေ့ပိတ်ထားပေးပါ...

အတွေ့တစ်ခုမှာ...
ငါ ... အကြိမ်ကြိမ် ရင်ခုန်စုံမက်ဖူးလို့...
အစစ်မဟုတ်ရင်...
မင်းရဲ့ ဖြားယောင်းမှုတွေ ရုတ်သိမ်းပေးပါဦး...

မရိုးသားသူနဲ့...  ရိုးသားသူမှာ...
တကယ်တမ်း ဆုံးရှုံးရမှုက...
မရိုးသားတဲ့သူဆီမှာ ပိုတာပါ...
ဘာကြောင့်လဲဆိုတော့...
မင်း ဆုံးရှုံးလိုက်ရတာက “အစစ်” တစ်ခု ဖြစ်နေခဲ့လို့ပေါ့....။


လွန်းထားထား(ဆေးတက္ကသိုလ်) 
People Magazine, 2011 February Issue

1 comments:

မရိုးသားသူနဲ့... ရိုးသားသူမှာ...
တကယ်တမ်း ဆုံးရှုံးရမှုက...
မရိုးသားတဲ့သူဆီမှာ ပိုတာပါ...
ဘာကြောင့်လဲဆိုတော့...
မင်း ဆုံးရှုံးလိုက်ရတာက “အစစ်” တစ်ခု ဖြစ်နေခဲ့လို့ပေါ့....။
**Like**

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics