ချစ်သမီးသို့  မွေးနေ့ဆုမွန်..

အပြုံးကလေး တချိုချို..
စကားကလေး တီတီတာတာ..
လိမ်မာယဉ်ကျေး မေ့ချစ်လေး..
မေ့နှလုံးသွေးကို နွေးမြဝေစေ..
မေ့အပြုံးကို လန်းရွှင်စေ..
မေ့အကြိုက်ကို အလိုက်တသိ..
မေ့မျက်နှာကို အရိပ်တကြည့်..
သိတတ်လွန်းတဲ့ ..
မေ့သည်းလေး..
ခြောက်နှစ်ပြည့်ပြီလေ..
ယနေ့မှစ၍..နှစ်တစ်ရာ့နှစ်ဆယ်တိုင်..
သက်ရှည်ကျန်းမာ..
ဘေးဘယာဝေးလျှက်..
ပျော်ရွှင်ပါစေ..

ရတနာသုံးပါး ဦးထိပ်ထားသူ..
သူတထူးကျေးဇူး သိတတ်လွန်းသူ..
မျှော်မြင်ဆင်ခြင် ဉာဏ်ကြီးမားသူ..
မေတ္တာရှေ့ထား တရားသိသူ..
သူတော်ကောင်းလေး ဖြစ်ပါစေကြောင်း..
တောင်းဆုခြွေသည်..

ဖေနှင့်မေ၏ မေတ္တာတည်း..။


လွန်းထားထား..
၂၃.၆.၂၀၁၁.။

4 comments:

မထားသမီးလေးရဲ့ ၆နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း ရာကျော်တိုင် မိခင်ဖခင်တို့နဲ့ မခွဲအတူ နေနိုင်ပါစေ။ သမီးလေး သက်ရှည်ကျန်းမာ လိမ္မာရေးခြားပြည့်စုံစွာနဲ့ ချမ်းသာသုခ လိုတိုင်းရနိုင်ပါစေ.. ပညာတတ်ကြီး မလွဲမသွေ ဖြစ်လာပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်..

ခင်မင်စြွာဲဖင့်

 

သမီးလေး ခြောက်နှစ်ပြည့်ပြီလား ...
သမီးလေး ... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ဖြစ်ပါစေ ...
နေ့ရက်တိုင်းမှာ ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ ...

 

ပျော်ရွှင်သော မွေးနေ့များ ကို သမီးလေးကိုချစ်သော ဖေဖေ မေမေ တို့နဲ့အတူ..နှစ်ပေါင်းများစွာ အတူတူဆင်နွှဲ နိုင်ပါစေ..

 

ပေးတဲ့ ဆုနဲ့ ပြည့် ပါရစေ..

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics