အတွေးစာစု (၃)

 
 
 
 
 
 
 
ဒီလမ်းက..
ကိုယ့် အတွက် အန္တရယ်ရှိတယ်ဆိုရင်..
မသွားလိုက်တာကောင်းပါတယ်..
ဒီအတွေးက..
ကိုယ့် ကို စိတ်ဆင်းရဲနာကျင်စေတယ်ဆိုရင်.
.မတွေးတော့ တာကောင်းပါတယ်..
ဒီစကားက..
သူတစ်ပါးကို ထိခိုက်နာကျင်စေတယ်ဆိုရင်..
မပြောဘဲနေလိုက်တာ ပိုကောင်းပါလိမ့်မယ်..
 ချိုသာတဲ့  အပြုံးလေးတစ်ပွင့်..
နွေးထွေးတဲ့  စကားလေးတစ်ခွန်းက..
ကိုယ့် အတွက် တစ်ပြားတစ်ချပ်မှ..
မကုန်ကျပေမယ့် ..
လက်ခံရလိုက်သူ အဖို့ မှာတော့ ..
အဖိုးမဖြတ်နှိုင်လောက်အောင်..
တန်ဖိုးရှိနေနိုင်ပါတယ်...
မျက်ဝန်းအကြည့်တစ်ချက်က..လူတစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို
ရှင်သန်နိုးကြားစေနှိုင်သလို..
အဲဒီမျက်ဝန်းကပဲ..
လူတစ်ယောက်ရဲ့ ..မျှော်လင့်ခြင်းတွေကို
ကစဥ့်ကလျားပြိုကျပျက်စီးစေနှိုင်စွမ်းရှိပါသေးတယ်...
မျှော်လင့်ချက်က.. လူကိုတက်ကြွရှင်သန်စေပါတယ်..
ယုံကြည်ချက်က.. လူကိုအောင်မြင်ပျော်ရွှင်စေပါတယ်..
ခင်မင်ခြင်းက.. လူကိုလှိုက်လှဲနွေးထွေးစေပါတယ်..
ချစ်မြတ်နိုးခြင်းက.. ဘဝကိုမက်မောတွယ်တာစေပါတယ်..
 
 
 လွန်းထားထား(ဆေးတက္ကသိုလ်)

1 comments:

Invaluable idea & thought. Thank you for sharing your point of view. I totally support you.

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics