''ကျွန်မရဲ့  သူရဲကောင်း..''



ဖေဖေ..
ကျွန်မက..''ဖေဖေ'' လို့ ခေါ်လိုက်တိုင်း.
လောကအလယ် .အန္တရာယ်ကြား..
မားမားကာရံ..မဟာရံတံတိုင်းသဖွယ်.
ကာကွယ်တတ်သူ..
သူဟာ.ကျွန်မရဲ့ သူရဲကောင်း..။

ဖေဖေ..
ကျွန်မက..'''.ဖေဖေ'' လို့ ခေါ်လိုက်တိုင်း..
ဝေဒနာတွေကို..အကြင်နာဖြင့်..
ဆေးကြောပေးလျှက်..
ပခုန်းတစ်ဖက်..အဆင်သင့်ရှိသူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း..'။

''ဖေဖေ..''
ကျွန်မက ဖေဖေလို့  ခေါ်လိုက်တိုင်း..
လမ်းပျောက်လျှင်..လမ်းပြကြယ်စင်..
ငိုကြွေးလျှင်...မျက်ရည်စကို သွေ့ခြောက်စေသူ..
နှလုံးသားတွေ အေးစက်သွားတိုင်း..
ပူနွေးလာအောင်..နွှေးပေးတတ်သူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း.။
.
''ဖေဖေ..''
ကျွန်မက ဖေဖေလို့  ခေါ်လိုက်တိုင်း..
ဆုံးဖြတ်ရခက်..ဝေခွဲမရ ရှိခဲ့လျှင်.
မှားမှန်ပိုင်းခြား.သုံးသပ်ဆင်ခြင်.
သွန်သင်ညွန်ပြပေးတတ်သူ..
အားငယ်မိလျှင်..ရင်ချင်းကူးစက်..
စိတ်ဓာတ်မြှင့်တင်ပေးတတ်သူ..
ကမ္ဘာပေါ်မှာ..
ကျွန်မသာလျှင် အတော်ဆုံးဟု..
ကျိုးကြောင်းစီကုံး..ပုံပြောတတ်သူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း.

''11.11.11.'' ထူးဆန်းအံ့ဖွယ်..
ဒီနေ့လေးသည်..
ကျွန်မချစ်သော သူရဲကောင်း၏..
မွေးနေ့ရက်မြတ် ဖြစ်ပါသည်..
ဒီနေ့..ဒီလ..ဒီနှစ်မှသည်..
နောင်နှစ်တစ်ရာတိုင်..
အသက်ရှည်စွာ..အနာမဲ့ ကာ..
သာသနာ့အကျိုး..သယ်ပိုးနှိုင်ပါစေ..
ဆုမွန်ခြွေပါသည်..
ရှူမငြီးသည့်..ချစ်သမီး..။
.
လွန်းထားထား



0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics