အတွေးစာစု (၃၄)


သတိပါတဲ့ စကားတစ်ခွန်းမှာ..အမှားမပါတော့ ဘူး..

စာနာမှုပါတဲ့ အချစ်တစ်ခုမှာ..နာကျင်စေတာမပါတော့ ဘူး..

ဥပေက္ခာပါတဲ့ လမ်းခွဲခြင်းမှာ..အမုန်းဆိုတာမရှိတော့ ဘူး..
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၃)

အပြုံးလေးတစ်ပွင့် ဖန်တီးဖို့  10seconds ပဲကြာမြင့်ပါတယ်..။

လူတစ်ယောက်ကို 10seconds မျှဝေဖို့  မနှမြောပါနဲ့ နော်.။.
 လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်ပရိသတ်အတွက် နှစ်သစ်ဆုတောင်း


''၂၀၁၁'' ဆိုတဲ့ စာအုပ်တစ်အုပ် မကြာခင်မှာပြီးဆုံးပါတော့ မယ်..။

ပျော်ရွှင်ခြင်းစာမျက်နှာတွေ..အောင်မြင်ခြင်းစာမျက်နှာတွေ..

ဝမ်းနည်းခြင်းစာမျက်နှာအနည်းငယ်..

ဟိုတစ်စ..ဒီတစ်စ..နာကျင်စရာ..ဒေါသစာမျက်နှာတစ်ချို့ ..

ကြည်နူးပီတိစာမျက်နှာများစွာနဲ့ ..

စာမျက်နှာတွေ ပြည့် ခဲ့ ပါပြီ..။
.
မကြာခင်မှာ..

''၂၀၁၂'' ဆိုတဲ့ ဘဝစာအုပ် အသစ်စတင်ရေးရပါတော့ မယ်...။

ဘာမှမရေးရသေးတဲ့  စာမျက်နှာအသစ်ကလေးတွေစောင့်ကြိုလို့ ..

မျှော်လင့်ခြင်းတွေ...ပျော်ရွှင်ခြင်းတွေ..အခွင့်အလမ်းတွေ..

အိပ်မက်တွေ..အားထုတ်မှုတွေအသစ်ကလေးတွေနဲ့ ..

စရေးရမယ့် စာမျက်နှာတိုင်း..ရင်ခုန်ခြင်းများစွာနဲ့ ..

လှပအသက်ဝင်စွာ..ခမ်းနားထည်ဝါရှိကြပါစေလို့ ..

နှစ်သစ်ဆုမွန်ချွေပါသည်ရှင်...။

ချစ်ခြင်းများစွာဖြင့်...

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၂)

မလေးဘူးလားကွယ်..

မင်းလွယ်ထားတဲ့  မာနတရားတွေ..

ဒေါသအမုန်းတွေ..

အတ္တလောဘ..ဝန်တိုမိစ္ဆေယတွေ..

မင်းရင်အိတ်ထဲပြွတ်သိပ်ထိုးကြိတ်..

လှောင်ပိတ်လှပြီ...။

လွှတ်ချလိုက်ပါ..

နာကျင်စရာမှန်သမျှ...

၂၀၁၂..အိတ်အသစ်ထဲ..

ပျော်ရွှင်ခြင်းနဲ့ မုဒိတာတွေ...

မျှဝေခြင်းနဲ့ လိုတရစေ...

အောင်မြင်ခြင်းနဲ့ ကျန်းမာခြင်းတွေ..

မင်းအပိုင်သာဖြစ်ပါစေ...။

ချစ်ခြင်းများစွာဖြင့်...


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၁)


လူတစ်ယောက်ရဲ့  ရင်ဘတ်တစ်စုံဟာ..

စိုက်ခင်းဥယျာဉ် မြေကွက်ကြီးတစ်ခုနဲ့ တူတယ်..။

ဒီရင်ဘတ်မှာ သိပ်လှမွှေးထုံတဲ့ .

ကြင်နာမြတ်နိုးခြင်း ပန်းပွင့်တွေ.

အလေးအနက် ဂရုတစိုက်တန်ဖိုးထားခြင်းဆိုတဲ့ ..

အရိပ်ရပန်းပင်တွေ.

စိမ်းစိုဖားဝေအောင်လည်း..

စိုက်ပျိုးချင်တိုင်း စိုက်ပျိုးခွင့်ရှိသလို..

အရုပ်ဆိုးအကျည်းတန်တဲ့ .။

မာယာဆူးပန်းပင်တွေ..

ဟန်ဆောင်ခြင်းပရိယာယ်တွပါတဲ့ 

အဆိပ်ပန်းတွေ စိုက်မယ်ဆိုလည်း..

သင့်သဘောပါပဲ ..။

သေချာတာကတော့ ...

ကိုယ်စိုက်ပျိုးတဲ့ ပန်းပင်ဟာ..

ကိုယ့် ရင်ဘတ်ကို..

တန်ပြန်အကျိုး သက်ရောက်တတ်တယ် ဆိုတာပါပဲ ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

သမီးလေးရဲ့မေးခွန်းတွေ (၁)



ဒီနေ့..သမီးလေးက ကျွန်မကို မေးခွန်းတစ်ခုမေးလာပါတယ်..။

''မေမေ..ဘဝမှာ အရေးအကြီးဆုံးကဘာလည်းဟင်..'' တဲ့ ..။

ကျွန်မ ရိုးရိုးကလေးပဲ ဖြေလိုက်မိပါတယ်..။

''ဘဝမှာ အရေးအကြီးဆုံးက ပျော်ရွှင်မှုပါ..'' လို့ ..

''နေ့တိုင်းကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်အောင်နေပါ..

ကိုယ့် ပတ်ဝန်းကျင်ကလူတွေဆီလည်း..

ပျော်ရွှင်မှုတွေ ဖြန့်ဝေပါ..

ပျော်ရွှင်မှူနဲ့  မထိုက်တန်သူကတော့ ..

သူ့အလိုလို ရှောင်ကွင်းသွားပါလိမ့်မယ်.''လို့ ..။


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၀)


ဒုတိယအခွင့်အရေးဆိုတာ..

လူတိုင်းအသုံးပြုခွင့်ရှိတဲ့ ..

လျှို့ ဝှက်တံခါးတစ်ခုပါ..။
. လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၉)

 
ညစ်ပေသွားတဲ့ အရာကို ပြန်သန့်စင်ဆေးကြောလို့ ရပါတယ်...

ပျက်ဆီးသွားတဲ့ အရာကို ပြန်ပြင်ဆင်ဖို့ နည်းနည်းခက်ပါတယ်..

ကိုယ့် စိတ်ဓာတ်ကလေးတွေ တစ်ခါတစ်ရံ ညစ်ပေချင်ညစ်ပေနိုင်ပါတယ်..

ပြန်လည်ဆေးကြောသန့်စင်လိုက်လို့ ရပါတယ်။

.စိတ်ဓာတ်ကလေးသာ မပျက်ဆီးပါစေနဲ့ .

ပြင်ရနည်းနည်းခက်လို့ ပါ..။.
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၈)

 
စကားတစ်ခွန်းဟာ..

မီးတောက်တစ်ခုလိုလည်း.

တစ်ဖက်သားကို အမုန်းနဲ့  လောင်ကျွမ်းစေနိုင်သလို..

ရေတစ်ခွက်လို လည်း..

ကြည်နူးပီတီနဲ့  အေးမြစေနိုင်စွမ်းပါတယ်.။

ကိုယ့် ရဲ့ ရွေးခြယ်မှုအပေါ်မှာပဲ မူတည်တာပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၇)


မျက်လုံးတွေကို ရှင်ရှင်ဖွင့်ထားပါ..

နားတွေကိုကားကားစွင့်ထားပါ..

နှလုံးသားကို ကျယ်ကျယ်ဖွင့်ထားပါ..

ပျော်ရွှင်ခြင်းတွေ နေရာအနှံ့ကနေ..

တိုးဝင်လာပါလိမ့်မယ်...။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု(၂၆)


အချစ်ဆိုတာ..မျိုးစေ့ကလေးကြဲမိရုံနဲ့ 

မျှော်လင့်မထားတဲ့ အချိန်မှာ

ကိုယ်တောင်ပြန်မမှတ်မိနှိုင်လောက်အောင်

ဖားဖားဝေဝေအပင်ကြီးအဖြစ်

ရှင်သန်လာတတ်တာမျိုးပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၅)


လူတစ်ယောက်ကို မုန်းနေရတာဟာ..

ကိုယ့် ရင်ထဲကို သူ့ရဲ့ မြှားနဲ့ ထိုးစိုက်ခံထားရသလိုပါ..

အဲဒီမြှားကိုနှုတ်ပစ်လိုက်ရတာလောက်..

ရင်ထဲပေါ့ ပါးလွတ်မြောက်သွားတာ.မရှိတော့ ပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၄)

ပညာရည်ပြည့် ဝနေသူတစ်ယောက်ဟာ..

အရာရာကိုရင်ဆိုင်ဖို့  အမြဲအဆင်သင့်ရှိနေတတ်ပါတယ်..။


ယုံကြည်မှုပြည့် ဝနေသူဟာ..


လူတိုင်းရဲ့ မျက်ဝန်းကိုရင်ဆိုင်နိုင်စွမ်းရှိပါတယ်...။


မေတ္တာရည်ပြည့် ဝနေသူဟာ..


ရန်သူကိုတောင် ပြုံးပြလက်ဆွဲနှုတ်ဆက်နိုင်စွမ်းရှိပါတယ်...။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၃)


လူတစ်ယောက်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ..

သူဟာ ကိုယ်မဟုတ်ပါ..

လိုက်လျောညီထွေ ဆက်ဆံပေါင်းသင်းလို့ မဖြစ်နိုင်တော့ တဲ့ အခါ..

သူ့ကိုလက်လွှတ်လိုက်တာ အကောင်းဆုံးပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်မြတ်နိုးခြင်းတွေ ဆွဲသီထားတဲ့ လည်တိုင်ဆီ..


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၂)


ဘဝရဲ့ လက်တွဲဖော်ဆိုတာ..

ကိုယ့် ဘဝကို ပြောင်းလဲပေးနိုင်စွမ်းရှိသူတွေပါ..

တချို့ က လှေခါးထစ်တွေနဲ့ တူတယ်..

ကိုယ့် ဘဝကို မြင့်မားအောင် မြှင့်တင်ပေးတတ်တယ်။.

တချို့ က..ကပ်ကြေးနဲ့ တူတယ်..

ကိုယ့် ဘဝကို တစ်စစီ..မွစာကြဲစေတယ်..

တချို့ က..ရေတံခွန်နဲ့ တူတယ်..

ကိုယ့် ဘဝအမောတွေပြေလို့ လန်းဆန်းအေးမြစေတယ်..

တချို့ က..မီးလျှံနဲ့ တူတယ်...

ကိုယ့် ဘဝတစ်ခုလုံးကို လောင်ကျွမ်းပစ်လိုက်တယ်.။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၁)

တစ်ယောက်နဲ့ တစ်ယောက်ခင်မင်ခွင့်မရှိတာဟာ..ရေစက်မပါခဲ့ လို့ ပါ..။

ချစ်ခင်ပြီးမှ လမ်းခွဲလိုက်ရတာဟာ..ရေစက်ကုန်သွားလို့ ပါ..။

တစ်သက်တာ ထာဝရ လက်တွဲခွင့်ရခဲ့ တာဟာ..ရေစက်အပြည့် ပါခဲ့ လို ပါ..။

ခင်မင်ခွင့်မရှိလို့  ကြေကွဲစရာမလိုသလို..။

လမ်းခွဲလိုက်ရလို့ လည်း..နာကျင်စရာမလိုပါ..။

ရေစက်အပြည့် ပါသူတစ်ယောက်တော့  ရှိနေမှာပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၀)

သူတစ်ပါးက ကိုယ့် ကို ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို..

တွေးတောဆင်ခြင်ကြောင့်ကြနေမှာထက်..

ကိုယ် ဘယ်သူလဲဆိုတာ ကြိုးစားသက်သေပြနှိုင်ဖို့ က..

ပိုအရေးကြီးတာပါ...။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၉)

ယုံကြည်ကိုးစားမှုဆိုတာ..

အလွယ်တကူ တောင်းခံယူလို့ ရတဲ့ အရာမျိုးမဟုတ်ပါ...။

ကိုယ့် ဘက်က ထိုက်ထိုက်တန်တန် ရင်းနှီးပေးဆပ်ပါမှ..

တစ်ဖတ်က ကြည်ဖြူစွာ ပြန်ကမ်းလင့်လာတဲ့ ..


အဖိုးတန်လက်ဆောင်တစ်ခုပါ။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၈)


နောင်ဘယ်တော့ မှ ပြောခွင့်မကြုံတော့ ဘူးဆိုတဲ့  ခံစားမှုမျိုးနဲ့ ..

သူတပါးကို ချီးကျူးစရာစကားဆိုပါ..။
.
နောင်ဘယ်တော့ မှ ပြုံးပြခွင့်မရှိတော့ ဘူးဆိုတဲ့ ခံစားမှုမျိုးနဲ့ ..

ပြုံးသင့်တဲ့ သူကိုပြုံးပြပါ...။

နောင်ဘယ်တော့ မှ..ချစ်ခွင့်မရှိတော့ ဘူးဆိုတဲ့ မက်မောမှုမျိုးနဲ့ ..

ကိုယ်ချစ်မြတ်နိုးသူကို ချစ်ပါ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၇)


တစ်ခါတစ်ရံမှာ..
ကိုယ့် အတွက် အသေးအမွှားကလေးလို့ ထင်မိပေမယ့် ..
တစ်ပါးသူအတွက်..ကြီးကျယ်ခမ်းနားနေခဲ့ ရင်..
အသာတကြည် နားလည်ခံစားပေးလိုက်ပါ..။
တစ်ချိန်မှာ..
ကိုယ့် အတွက် သိပ်ကြီးကျယ်ခမ်းနားနေတဲ့ ..
ခံစားမှုတစ်ခုဟာ..
တစ်ပါးသူအတွက် သေးဖွဲနေနိုင်ပေမယ့် ..
သူကပြန်ပြီး မျှဝေခံစားပေးမှာပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

နှလုံးသားဆီသို့ လျှို့ ဝှက်တံခါး.



ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ကြပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics