သမီးလေးရဲ့မေးခွန်းတွေ (၁)



ဒီနေ့..သမီးလေးက ကျွန်မကို မေးခွန်းတစ်ခုမေးလာပါတယ်..။

''မေမေ..ဘဝမှာ အရေးအကြီးဆုံးကဘာလည်းဟင်..'' တဲ့ ..။

ကျွန်မ ရိုးရိုးကလေးပဲ ဖြေလိုက်မိပါတယ်..။

''ဘဝမှာ အရေးအကြီးဆုံးက ပျော်ရွှင်မှုပါ..'' လို့ ..

''နေ့တိုင်းကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်အောင်နေပါ..

ကိုယ့် ပတ်ဝန်းကျင်ကလူတွေဆီလည်း..

ပျော်ရွှင်မှုတွေ ဖြန့်ဝေပါ..

ပျော်ရွှင်မှူနဲ့  မထိုက်တန်သူကတော့ ..

သူ့အလိုလို ရှောင်ကွင်းသွားပါလိမ့်မယ်.''လို့ ..။


လွန်းထားထား(ဆေးတက္ကသိုလ်)

5 comments:

သမီလေးကို ပြောလိုက်တဲ့ အဖြေလေးက အရမ်းကို အဓိပ္ပါရှိလွန်းတယ်..
အိမ်မက်အတွက်လဲ လိုအပ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်စွာ ရင်ဘတ်ထဲမှာ ပါ သိမ်းထားလိုက်မိတယ်..
ချစ်တဲ့
အိမ်မက်စေရာ

 

သမီးလေးကချစ်ဖို့ကောင်းလိုက်တာ... ဘဝရဲ့ပျော်ရွှင်မှုတွေ သမီးလေး ပြည့်ဝစွာခံစားရရှိနိုင်ပါစေ...

 

ချစ်စရာကောင်းတဲ့ သမီးလေး...။
စကားကြွယ်တဲ့ သမီးလေး...။
သမီးမေမေကလည်း အဖြေကောင်းမှကောင်း..။
နှစ်သက်စွာ စောင့်မျှော် ဖတ်လျှက်ပါရှင်..။

 

ရိုးရိုးလေးနဲ့ပဲ ရှင်းသွားတော့တယ် .. ပျော်ရွှင်မှုတကယ်အရေးကြီးတာနော်။

 

ချစ်စရာအလွန်ကောင်းတဲ့ သမီးလေး ပျော်ရွှင်မှုတွေ ထာဝရပိုင်ဆိုင်နိုင်ပါစေ....။ :)

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics