အတွေးစာစု (၃၁)


လူတစ်ယောက်ရဲ့  ရင်ဘတ်တစ်စုံဟာ..

စိုက်ခင်းဥယျာဉ် မြေကွက်ကြီးတစ်ခုနဲ့ တူတယ်..။

ဒီရင်ဘတ်မှာ သိပ်လှမွှေးထုံတဲ့ .

ကြင်နာမြတ်နိုးခြင်း ပန်းပွင့်တွေ.

အလေးအနက် ဂရုတစိုက်တန်ဖိုးထားခြင်းဆိုတဲ့ ..

အရိပ်ရပန်းပင်တွေ.

စိမ်းစိုဖားဝေအောင်လည်း..

စိုက်ပျိုးချင်တိုင်း စိုက်ပျိုးခွင့်ရှိသလို..

အရုပ်ဆိုးအကျည်းတန်တဲ့ .။

မာယာဆူးပန်းပင်တွေ..

ဟန်ဆောင်ခြင်းပရိယာယ်တွပါတဲ့ 

အဆိပ်ပန်းတွေ စိုက်မယ်ဆိုလည်း..

သင့်သဘောပါပဲ ..။

သေချာတာကတော့ ...

ကိုယ်စိုက်ပျိုးတဲ့ ပန်းပင်ဟာ..

ကိုယ့် ရင်ဘတ်ကို..

တန်ပြန်အကျိုး သက်ရောက်တတ်တယ် ဆိုတာပါပဲ ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics