အတွေးစာစု (၃၄)


သတိပါတဲ့ စကားတစ်ခွန်းမှာ..အမှားမပါတော့ ဘူး..

စာနာမှုပါတဲ့ အချစ်တစ်ခုမှာ..နာကျင်စေတာမပါတော့ ဘူး..

ဥပေက္ခာပါတဲ့ လမ်းခွဲခြင်းမှာ..အမုန်းဆိုတာမရှိတော့ ဘူး..
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၃)

အပြုံးလေးတစ်ပွင့် ဖန်တီးဖို့  10seconds ပဲကြာမြင့်ပါတယ်..။

လူတစ်ယောက်ကို 10seconds မျှဝေဖို့  မနှမြောပါနဲ့ နော်.။.
 လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်ပရိသတ်အတွက် နှစ်သစ်ဆုတောင်း


''၂၀၁၁'' ဆိုတဲ့ စာအုပ်တစ်အုပ် မကြာခင်မှာပြီးဆုံးပါတော့ မယ်..။

ပျော်ရွှင်ခြင်းစာမျက်နှာတွေ..အောင်မြင်ခြင်းစာမျက်နှာတွေ..

ဝမ်းနည်းခြင်းစာမျက်နှာအနည်းငယ်..

ဟိုတစ်စ..ဒီတစ်စ..နာကျင်စရာ..ဒေါသစာမျက်နှာတစ်ချို့ ..

ကြည်နူးပီတိစာမျက်နှာများစွာနဲ့ ..

စာမျက်နှာတွေ ပြည့် ခဲ့ ပါပြီ..။
.
မကြာခင်မှာ..

''၂၀၁၂'' ဆိုတဲ့ ဘဝစာအုပ် အသစ်စတင်ရေးရပါတော့ မယ်...။

ဘာမှမရေးရသေးတဲ့  စာမျက်နှာအသစ်ကလေးတွေစောင့်ကြိုလို့ ..

မျှော်လင့်ခြင်းတွေ...ပျော်ရွှင်ခြင်းတွေ..အခွင့်အလမ်းတွေ..

အိပ်မက်တွေ..အားထုတ်မှုတွေအသစ်ကလေးတွေနဲ့ ..

စရေးရမယ့် စာမျက်နှာတိုင်း..ရင်ခုန်ခြင်းများစွာနဲ့ ..

လှပအသက်ဝင်စွာ..ခမ်းနားထည်ဝါရှိကြပါစေလို့ ..

နှစ်သစ်ဆုမွန်ချွေပါသည်ရှင်...။

ချစ်ခြင်းများစွာဖြင့်...

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၂)

မလေးဘူးလားကွယ်..

မင်းလွယ်ထားတဲ့  မာနတရားတွေ..

ဒေါသအမုန်းတွေ..

အတ္တလောဘ..ဝန်တိုမိစ္ဆေယတွေ..

မင်းရင်အိတ်ထဲပြွတ်သိပ်ထိုးကြိတ်..

လှောင်ပိတ်လှပြီ...။

လွှတ်ချလိုက်ပါ..

နာကျင်စရာမှန်သမျှ...

၂၀၁၂..အိတ်အသစ်ထဲ..

ပျော်ရွှင်ခြင်းနဲ့ မုဒိတာတွေ...

မျှဝေခြင်းနဲ့ လိုတရစေ...

အောင်မြင်ခြင်းနဲ့ ကျန်းမာခြင်းတွေ..

မင်းအပိုင်သာဖြစ်ပါစေ...။

ချစ်ခြင်းများစွာဖြင့်...


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၁)


လူတစ်ယောက်ရဲ့  ရင်ဘတ်တစ်စုံဟာ..

စိုက်ခင်းဥယျာဉ် မြေကွက်ကြီးတစ်ခုနဲ့ တူတယ်..။

ဒီရင်ဘတ်မှာ သိပ်လှမွှေးထုံတဲ့ .

ကြင်နာမြတ်နိုးခြင်း ပန်းပွင့်တွေ.

အလေးအနက် ဂရုတစိုက်တန်ဖိုးထားခြင်းဆိုတဲ့ ..

အရိပ်ရပန်းပင်တွေ.

စိမ်းစိုဖားဝေအောင်လည်း..

စိုက်ပျိုးချင်တိုင်း စိုက်ပျိုးခွင့်ရှိသလို..

အရုပ်ဆိုးအကျည်းတန်တဲ့ .။

မာယာဆူးပန်းပင်တွေ..

ဟန်ဆောင်ခြင်းပရိယာယ်တွပါတဲ့ 

အဆိပ်ပန်းတွေ စိုက်မယ်ဆိုလည်း..

သင့်သဘောပါပဲ ..။

သေချာတာကတော့ ...

ကိုယ်စိုက်ပျိုးတဲ့ ပန်းပင်ဟာ..

ကိုယ့် ရင်ဘတ်ကို..

တန်ပြန်အကျိုး သက်ရောက်တတ်တယ် ဆိုတာပါပဲ ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

သမီးလေးရဲ့မေးခွန်းတွေ (၁)



ဒီနေ့..သမီးလေးက ကျွန်မကို မေးခွန်းတစ်ခုမေးလာပါတယ်..။

''မေမေ..ဘဝမှာ အရေးအကြီးဆုံးကဘာလည်းဟင်..'' တဲ့ ..။

ကျွန်မ ရိုးရိုးကလေးပဲ ဖြေလိုက်မိပါတယ်..။

''ဘဝမှာ အရေးအကြီးဆုံးက ပျော်ရွှင်မှုပါ..'' လို့ ..

''နေ့တိုင်းကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်အောင်နေပါ..

ကိုယ့် ပတ်ဝန်းကျင်ကလူတွေဆီလည်း..

ပျော်ရွှင်မှုတွေ ဖြန့်ဝေပါ..

ပျော်ရွှင်မှူနဲ့  မထိုက်တန်သူကတော့ ..

သူ့အလိုလို ရှောင်ကွင်းသွားပါလိမ့်မယ်.''လို့ ..။


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၀)


ဒုတိယအခွင့်အရေးဆိုတာ..

လူတိုင်းအသုံးပြုခွင့်ရှိတဲ့ ..

လျှို့ ဝှက်တံခါးတစ်ခုပါ..။
. လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၉)

 
ညစ်ပေသွားတဲ့ အရာကို ပြန်သန့်စင်ဆေးကြောလို့ ရပါတယ်...

ပျက်ဆီးသွားတဲ့ အရာကို ပြန်ပြင်ဆင်ဖို့ နည်းနည်းခက်ပါတယ်..

ကိုယ့် စိတ်ဓာတ်ကလေးတွေ တစ်ခါတစ်ရံ ညစ်ပေချင်ညစ်ပေနိုင်ပါတယ်..

ပြန်လည်ဆေးကြောသန့်စင်လိုက်လို့ ရပါတယ်။

.စိတ်ဓာတ်ကလေးသာ မပျက်ဆီးပါစေနဲ့ .

ပြင်ရနည်းနည်းခက်လို့ ပါ..။.
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၈)

 
စကားတစ်ခွန်းဟာ..

မီးတောက်တစ်ခုလိုလည်း.

တစ်ဖက်သားကို အမုန်းနဲ့  လောင်ကျွမ်းစေနိုင်သလို..

ရေတစ်ခွက်လို လည်း..

ကြည်နူးပီတီနဲ့  အေးမြစေနိုင်စွမ်းပါတယ်.။

ကိုယ့် ရဲ့ ရွေးခြယ်မှုအပေါ်မှာပဲ မူတည်တာပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၇)


မျက်လုံးတွေကို ရှင်ရှင်ဖွင့်ထားပါ..

နားတွေကိုကားကားစွင့်ထားပါ..

နှလုံးသားကို ကျယ်ကျယ်ဖွင့်ထားပါ..

ပျော်ရွှင်ခြင်းတွေ နေရာအနှံ့ကနေ..

တိုးဝင်လာပါလိမ့်မယ်...။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု(၂၆)


အချစ်ဆိုတာ..မျိုးစေ့ကလေးကြဲမိရုံနဲ့ 

မျှော်လင့်မထားတဲ့ အချိန်မှာ

ကိုယ်တောင်ပြန်မမှတ်မိနှိုင်လောက်အောင်

ဖားဖားဝေဝေအပင်ကြီးအဖြစ်

ရှင်သန်လာတတ်တာမျိုးပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၅)


လူတစ်ယောက်ကို မုန်းနေရတာဟာ..

ကိုယ့် ရင်ထဲကို သူ့ရဲ့ မြှားနဲ့ ထိုးစိုက်ခံထားရသလိုပါ..

အဲဒီမြှားကိုနှုတ်ပစ်လိုက်ရတာလောက်..

ရင်ထဲပေါ့ ပါးလွတ်မြောက်သွားတာ.မရှိတော့ ပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၄)

ပညာရည်ပြည့် ဝနေသူတစ်ယောက်ဟာ..

အရာရာကိုရင်ဆိုင်ဖို့  အမြဲအဆင်သင့်ရှိနေတတ်ပါတယ်..။


ယုံကြည်မှုပြည့် ဝနေသူဟာ..


လူတိုင်းရဲ့ မျက်ဝန်းကိုရင်ဆိုင်နိုင်စွမ်းရှိပါတယ်...။


မေတ္တာရည်ပြည့် ဝနေသူဟာ..


ရန်သူကိုတောင် ပြုံးပြလက်ဆွဲနှုတ်ဆက်နိုင်စွမ်းရှိပါတယ်...။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၃)


လူတစ်ယောက်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ..

သူဟာ ကိုယ်မဟုတ်ပါ..

လိုက်လျောညီထွေ ဆက်ဆံပေါင်းသင်းလို့ မဖြစ်နိုင်တော့ တဲ့ အခါ..

သူ့ကိုလက်လွှတ်လိုက်တာ အကောင်းဆုံးပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်မြတ်နိုးခြင်းတွေ ဆွဲသီထားတဲ့ လည်တိုင်ဆီ..


လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၂)


ဘဝရဲ့ လက်တွဲဖော်ဆိုတာ..

ကိုယ့် ဘဝကို ပြောင်းလဲပေးနိုင်စွမ်းရှိသူတွေပါ..

တချို့ က လှေခါးထစ်တွေနဲ့ တူတယ်..

ကိုယ့် ဘဝကို မြင့်မားအောင် မြှင့်တင်ပေးတတ်တယ်။.

တချို့ က..ကပ်ကြေးနဲ့ တူတယ်..

ကိုယ့် ဘဝကို တစ်စစီ..မွစာကြဲစေတယ်..

တချို့ က..ရေတံခွန်နဲ့ တူတယ်..

ကိုယ့် ဘဝအမောတွေပြေလို့ လန်းဆန်းအေးမြစေတယ်..

တချို့ က..မီးလျှံနဲ့ တူတယ်...

ကိုယ့် ဘဝတစ်ခုလုံးကို လောင်ကျွမ်းပစ်လိုက်တယ်.။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၁)

တစ်ယောက်နဲ့ တစ်ယောက်ခင်မင်ခွင့်မရှိတာဟာ..ရေစက်မပါခဲ့ လို့ ပါ..။

ချစ်ခင်ပြီးမှ လမ်းခွဲလိုက်ရတာဟာ..ရေစက်ကုန်သွားလို့ ပါ..။

တစ်သက်တာ ထာဝရ လက်တွဲခွင့်ရခဲ့ တာဟာ..ရေစက်အပြည့် ပါခဲ့ လို ပါ..။

ခင်မင်ခွင့်မရှိလို့  ကြေကွဲစရာမလိုသလို..။

လမ်းခွဲလိုက်ရလို့ လည်း..နာကျင်စရာမလိုပါ..။

ရေစက်အပြည့် ပါသူတစ်ယောက်တော့  ရှိနေမှာပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၂၀)

သူတစ်ပါးက ကိုယ့် ကို ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို..

တွေးတောဆင်ခြင်ကြောင့်ကြနေမှာထက်..

ကိုယ် ဘယ်သူလဲဆိုတာ ကြိုးစားသက်သေပြနှိုင်ဖို့ က..

ပိုအရေးကြီးတာပါ...။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၉)

ယုံကြည်ကိုးစားမှုဆိုတာ..

အလွယ်တကူ တောင်းခံယူလို့ ရတဲ့ အရာမျိုးမဟုတ်ပါ...။

ကိုယ့် ဘက်က ထိုက်ထိုက်တန်တန် ရင်းနှီးပေးဆပ်ပါမှ..

တစ်ဖတ်က ကြည်ဖြူစွာ ပြန်ကမ်းလင့်လာတဲ့ ..


အဖိုးတန်လက်ဆောင်တစ်ခုပါ။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၈)


နောင်ဘယ်တော့ မှ ပြောခွင့်မကြုံတော့ ဘူးဆိုတဲ့  ခံစားမှုမျိုးနဲ့ ..

သူတပါးကို ချီးကျူးစရာစကားဆိုပါ..။
.
နောင်ဘယ်တော့ မှ ပြုံးပြခွင့်မရှိတော့ ဘူးဆိုတဲ့ ခံစားမှုမျိုးနဲ့ ..

ပြုံးသင့်တဲ့ သူကိုပြုံးပြပါ...။

နောင်ဘယ်တော့ မှ..ချစ်ခွင့်မရှိတော့ ဘူးဆိုတဲ့ မက်မောမှုမျိုးနဲ့ ..

ကိုယ်ချစ်မြတ်နိုးသူကို ချစ်ပါ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၇)


တစ်ခါတစ်ရံမှာ..
ကိုယ့် အတွက် အသေးအမွှားကလေးလို့ ထင်မိပေမယ့် ..
တစ်ပါးသူအတွက်..ကြီးကျယ်ခမ်းနားနေခဲ့ ရင်..
အသာတကြည် နားလည်ခံစားပေးလိုက်ပါ..။
တစ်ချိန်မှာ..
ကိုယ့် အတွက် သိပ်ကြီးကျယ်ခမ်းနားနေတဲ့ ..
ခံစားမှုတစ်ခုဟာ..
တစ်ပါးသူအတွက် သေးဖွဲနေနိုင်ပေမယ့် ..
သူကပြန်ပြီး မျှဝေခံစားပေးမှာပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

နှလုံးသားဆီသို့ လျှို့ ဝှက်တံခါး.



ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ကြပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၉)


ကြိုးစားနေသမျှ..အလဟဿမဖြစ်ပါဘူး..

လမ်းလျှောက်နေသမျှ ခရီးရောက်နေမှာပါ...
 လွန်းထားထား(ဆေးတက္ကသိုလ်)

သမီးလေးနဲ့အချစ်


(က)
အသက်ငါးနှစ်ကျော်လာပြီဖြစ်တဲ့ သမီးကလေးက သူ့ရဲ့စာရေးစားပွဲမှာ စမတ်ကျကျထိုင်ပြီး စာရေးနေတာမို့ ကျွန်မက စပ်စပ်စုစုနဲ့လှမ်းမေးမိပါတယ်။
`သမီးကလေး ဘာတွေရေးနေတာလဲ´
ဆိုတော့ သူကလေးက ဣနြေ္ဒတစ်ခွဲသားနဲ့ ပြန်ဖြေတာက
`I am writing about Secret of Love’
တဲ့လေ။ ကျွန်မမှာ ကြားကြားချင်း မျက်ခုံးတွေပင့် မျက်လုံးတွေပြူးပြီး အရမ်းလည်း စိတ်ဝင်စားသွားမိပါတယ်။
`What is Secret of Love သမီးလေး´
လို့ ရယ်ချင်တဲ့စိတ်ကို အသာမြိုသိပ်ပြီး စိတ်ဝင်တစားမေးမိလိုက်တော့ သူကလေးက မှင်သေသေမျက်နှာပေးနဲ့ ကျွန်မကို သူ စာရှင်းပြရမယ့် တပည့်ကလေးတစ်ယောက်လို ကြည့်ပြီး မျက်ခုံးကလေးပင့်ကာနဲ့ `Secret of Love means A man loves a woman. But they didn’t marry, they love eachother. That is Secret of Love.’ လို့ ကျွန်မကို ရှင်းပြပါတယ်။ ကျွန်မမှာ အံ့သြလွန်းလို့ စကားတောင် ပြန်မပြောနိုင်ပါ။ အဲ့ဒါ သူပြောတဲ့အတိုင်း ကျွန်မရေးပြတာ။ ဘယ်သူတွေ ယုံနိုင်ပါ့မလဲ။ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက် ဒီလိုအတွေးမျိုး ရှိနေတယ်ဆိုတာ ကျွန်မတို့ ငါးနှစ်သမီးအရွယ်တုန်းက ဘာပြောမှန်းတောင် သိမှာမဟုတ်တဲ့ စကားတစ်ခွန်းကို သမီးလေးဆီက ကြားတော့ ကျွန်မမှာ အံ့လည်းသြ ရင်သပ်ရှုမောစွာလည်း ခံစားရပါတယ်။ ဒီခေတ် ကလေးတွေ တတ်သိလိုက်ပုံများ မလွယ်ပါလား။
`နေပါဦး သမီးက အဲဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ´
လို့ ထပ်မေးတော့ ပြုံးစိစိမျက်နှာပေးနှင့်….
`I’m  just thinking in my head.’  တဲ့…
`သမီးက စာရေးမလို့လား´
`ဟုတ်တယ် မေမေ´ တဲ့။ ပြီးတော့ ကျွန်မကို Secret ရဲ့ စာလုံးပေါင်းမေးပြီး သူ့စာအုပ်ထဲ ချရေးနေတော့တာ။ ဒီအကြောင်း မောင့်ကိုပြန်ပြောပြတော့ မောင်က အမလေးဆိုပြီး ရယ်လို့မဆုံး။ ခုချိန်ကတည်းက သမီးကလေးကို အရိပ်တကြည့်ကြည့် နဲ့ သူဘာကို စိတ်ဝင်စား အားသန်မလဲဆိုတာကို သိချင်နေမိတဲ့ ကျွန်မအတွက်တော့ စိတ်လှုပ်ရှားစရာ မျှော်လင့်ချက်တစ်ခုပေါ့လေ။ သမီးကလေးဟာ ကျွန်မလိုပဲ စာရေးခြင်းကို မက်မောတွယ်တာလာမည့်သူလား။ အဲ့ဒါဆိုရင်တော့ ကျွန်မသူ့ကို စနစ်တကျ ပြုစုပျိုးထောင်ပေးချင်မိပါတယ်။ သမီးလေးက အတွေးသမား၊ သူ့ကြည့်လိုက်ရင် တွေးနေတတ်တာက များပါတယ်။ ပြီးရင် မေးခွန်းတွေ အမြဲတမ်းမေးလေ့ရှိသူမို့ သူနားလည်အောင် ကျွန်မမှာ ကြိုးစားပြီး ဖြေပေးရပါတယ်။ စာအုပ်တွေဖတ်တာ နှစ်သက်သူကလေးမို့ အားရင် စာအုပ်ကလေးတွေ အမြဲတမ်းဖတ်နေတတ်ပါတယ်။ အိမ်သာထိုင်ရင်တောင် လက်ထဲမှာ စာအုပ်ကလေးနဲ့မို့ သူ့ပုံစံကလေးကြည့်ရတာ လူကြီးပေါက်စကလေးလို အရင့်ကျက်လွန်နေပါတယ်။ ဒီအရွယ်ကလေးနဲ့ ဘယ်သူက ဘယ်လိုစိတ်ထားမျိုး ရှိတယ်ဆိုတာကို သူကိုယ်တိုင် ဉာဏ်ကလေးနဲ့ သုံးသပ်ပြတတ်ပါတယ်။ တစ်ရက်တော့ သမီးကလေး ကျောင်းကအပြန် သူ့ကို မေးကြည့်မိပါတယ်။
`သမီးလေး ကျောင်းမှာ သူငယ်ချင်းတွေက သမီးလေးကို ချစ်ကြရဲ့လား Are they kind to you? ‘Yes, they are. But actually, they are pretending.’ တဲ့။ ပြီးတော့ ခေါင်းကလေး တဆတ်ဆတ်ညိတ်ကာနဲ့ ‘I know, I really know.’ လို့ ဆက်ပြောပါတယ်။ ကျွန်မမှာ ဘာပြောရမှန်းမသိ။ ကလေးတွေဟာ ဟန်ဆောင်တတ်ပါ့မလား။ ကလေးချင်းကော ဟန်ဆောင်နေတာပါလို့ သမီးလေးက ဘယ်လိုလုပ်ပြီး သေချာပြောနိုင်ပါသလဲ။ အဲ့ဒါကတော့ ကျွန်မအတွက် တွေးစရာပါ။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေအချင်းချင်း ဒီလိုပဲ ပေါင်းသင်းခဲ့ကြတာ။ သူတို့ ကျွန်မကို ခင်မင်ဟန် ကြင်နာဟန်ဆောင်ခဲ့ကြသလားဆိုတာ။ ကျွန်မ အမှန်တကယ်မသိခဲ့။ သမီးကလေးကတော့ သူ့ကို ဘယ်ဆရာမက ဘာပြောတာ ဘယ်လိုပြောတာ ဘယ်သူငယ်ချင်းက ဘယ်လိုဆက်ဆံတာ စသဖြင့် အသေးစိတ်ကို စုံစုံစေ့စေ့ ပြန်ပြောပြတတ်တာမို့ ကျွန်မမှာ သူ့ကျောင်းက ဆရာမတွေ ဘယ်လိုစိတ်ထားမျိုး ရှိတယ်ဆိုတာကအစ သူ့သူငယ်ချင်းတွေအားလုံးရဲ့နာမည်တွေနဲ့တကွ စိတ်ထားကလေးတွေကိုပါ သိခွင့်ရနေခဲ့ပါတယ်။ သမီးကလေးကို ကျွန်မက သူငယ်ချင်းတစ်ယောက်လို တရင်းတနှီးပေါင်းပြီး သူ့ရင်ထဲမှာရှိနေတာ စိတ်ထဲမှာရှိနေတာလေးတွေကို အမြဲတမ်း မျက်ခြေမပြတ်လေ့လာနေရပါတယ်။ ဒါကြောင့်လည်း သမီးလေးကပြောတာပါ ‘May May, You’re my best friend. We will never ever break up.’  တဲ့လေ။
(ခ)
တစ်နေ့ကတော့ ဘာစိတ်ကူးပေါက်တယ်မသိပါ။ ပြတင်းပေါက်ကနေ သူ့ဖေဖေ အလုပ်သွားတာကို ငေးကြည့်ရင်း သမီးလေးက စကားတစ်ခွန်းဆိုလာပါတယ်။
‘May May, You’ve got a wonderful husband.’ တဲ့။ ကျွန်မက အံ့သြလည်းသြ၊ ရယ်လည်း ရယ်ချင်စွာနဲ့…
`သမီးက ဘယ်လိုလုပ်ပြီး သိတာလဲ´လို့ ပြန်မေးမိပါတယ်။
‘Phay Phay always plays with me and  he always helps you.’ လေ။
`အေး… ဟုတ်တာပေါ့ သမီးရယ်။ မေမေ ကံကောင်းတာပေါ့နော်´ လို့ ကျွန်မပြန်ပြောတော့ သူက သဘောတွေကျလို့လေ။ သမီးက ကျွန်မနဲ့သူ့ဖေဖေမှာ သူ့ဖေဖေဘက်က ပိုလိုက်ပေးတတ်ပါတယ်။ တစ်ရက်တော့ ကျွန်မက မောင့်ကို စိတ်ကောက်ပြီး စကားမပြောဘဲ နေမိပါတယ်။ မောင်ဆေးခန်းကနေ ဖုန်းဆက်ရင်လည်း ကျွန်မမဖြေဘဲ သမီးကိုသာ ကိုင်စေပါတယ်။ အဲ့ဒါကိုပဲ သူကလေးခမျာ သူ့ဖေဖေကိုယ်စား မခံမရပ်နိုင်တွေ ဖြစ်နေတော့တာ။ မျက်ခုံးကလေး ပင့်ကာ ပင့်ကာနဲ့ ကျွန်မကို ကြည့်ပုံရှုပုံက အပြစ်ရှိတဲ့ကျောင်းသူကလေးကို ကြည့်တဲ့ ကျောင်းဆရာမ စတိုင်လ်မျိုးနဲ့ပါ။
`မေမေ… Why don’t you speak my Phay Phay?’ တဲ့ စမေးပါတယ်။
`ဘာဖြစ်လို့လဲဆိုတော့ မေမေသူ့ကို စိတ်ဆိုးနေလို့ပေါ့ သမီးရဲ့´
`Why? Phay Phay is your husband. လေ… You should say sorry to him and hug him when he comes back နော်´ လို့ လူကြီးသူမ လေသံနဲ့  ကျွန်မကို သွန်သင်ဆုံးမနေတာမို့ ကျွန်မမှာ ရယ်ချင်မိပါတယ်။
`အို… တောင်းပန်နိုင်ပါဘူးအေ… သမီးဖေဖေက တစ်ခါတလေ naughty ဖြစ်တယ်။ မေမေ စိတ်တိုနေပါတယ်ဆိုနေမှ´
‘Although he might be naughty sometimes, but he is so kind. You shouldn’t mad at Phay Phay.’ တဲ့။ သူကလည်း အလျှော့ကို မပေးတာ။ ဖုန်းလာလို့ ကျွန်မမကိုင်ဘဲနေတာကိုပဲ သူ့မှာ အသည်းတွေယားနေတဲ့ပုံ။ ကျွန်မမှာ စိတ်ကောက်တာတောင် စိမ်ပြေနပြေ မကောက်နိုင်အားပါဘူး။ သူ ကြားဝင်ဖြန်ဖြေနေတာနဲ့ပဲ ရယ်ချင်မိတော့တာ။ ဖုန်းဆက်လာတဲ့ သူ့ဖေဖေကိုလည်း
`ဖေဖေ… မေမေ doesn’t want to tell you at the moment. She’s still allergic to you.’ လို့ ပြန်ပြောရင်း ‘Oh! Poor ဖေဖေ´ လို့လည်း ညည်းပါသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ စိတ်ကောက်ခြင်းက သက်တမ်းမရှည်နိုင်တော့ဘဲ ရယ်မောခြင်းနဲ့အတူ ပြယ်လွင့်ရတော့တာပါလေ။
(ဂ)
တစ်နေ့ကတော့ ခြံထဲမှာ ကျွန်မက စာဖတ်နေရင်း သမီးလေးက သူ့ဘာသာသူ ဒန်းကလေးစီးရင်း သီချင်းတစ်ပုဒ်ကောက်ဆိုနေသံကို အမှတ်တမဲ့ ကျွန်မနားထောင်လိုက်မိပါတယ်။ စာသားလေးတွေက ချစ်စရာ…
‘This is me. This is you. I’m the only one who hold your hands.
This is me. This is you. I’m the only one who touch your heart.’ တဲ့။ ဒီသီချင်းကို ကျွန်မ တစ်ခါမှ မကြားဖူးတာမို့ `ဟဲ့ သမီး အဲဒါ ဘယ်သူ့သီချင်းလဲ။ မေမေလည်း တစ်ခါမှ မကြားဖူးပါလား´ လို့ မေးလိုက်တော့ သူကလေးက ပြုံးစိစိမျက်နှာကလေးနဲ့ ကျွန်မကို ပြန်ပြောပါတယ်။
`အဲ့ဒါ မီးလေး Song လေ´
`ဘာရယ်… မီးလေးရဲ့ သီချင်းလား။ မီးလေး ဘာသာ စပ်လိုက်တာလား´
`အင်း… ဟုတ်တယ် မီးလေးဘာသာ ဒီအတိုင်းပဲ ဆိုလိုက်တာ´ တဲ့။
ဖြစ်နိုင်တာက သူ့ခေါင်းထဲပေါ်လာတဲ့ စာသားကလေးကို လက်တန်းစပ်ဆိုလိုက်တာ ဖြစ်မှာပါ။ ကျွန်မမှာတော့ မျက်ခုံးတွေပင့် မျက်လုံးပြူးလို့။ ဒီခေတ်ကလေးတွေ အတတ်မြန်ပုံများ အံ့သြစရာကြီးပါလားပေါ့။ ကျွန်မတို့ ငါးနှစ်သမီးအရွယ်တုန်းက သီချင်းစပ်ဖို့ မပြောပါနဲ့၊ သီချင်းတောင် သိပ်နားထောင်တတ်လှတာ မဟုတ်။ အခုတော့ ကျွန်မရဲ့ ငါးနှစ်အရွယ်သမီးကလေးက အချစ်သီချင်းတွေ ဘာတွေ စပ်လို့ပါလား။ သူကလေးက သီချင်းတွေလည်း အရမ်းကြိုက်တာ။ သေသေချာချာ နားထောင်လေ့ရှိတာမို့ သီချင်းစပ်ဖို့ စိတ်ကူးပေါ်လာတာလည်း ဖြစ်မှာပါ။
`သမီးရယ်… သမီးက ငါးနှစ်ပဲရှိသေးတယ်။ သီချင်းတောင် စပ်တတ်နေပြီလား။ ကဲ ဆက်ဆိုပါဦး။ မေမေ ဗွီဒီယို ရိုက်ထားပေးမယ်´
ဆိုပြီး ကျွန်မက iphone ကလေးနဲ့ ဗွီဒီယိုရိုက်ယူထားတော့ သူက ဟန်ပါပါ မာန်ပါပါနဲ့ သီချင်းကို စိတ်ကူးပေါက်သလို လက်တန်းဆက်ဆိုနေပါတော့တယ်။ အာခေါင်ခြစ်ပြီး This is me. This is you. ဆိုတာကိုလည်း ဆိုသေးရဲ့။ သူ့ကို ကြည့်ပြီး ကျွန်မ လှုပ်လှုပ်ခတ်ခတ် ပြုံးမိပါတယ်။ အင်း နောက်ဆယ်နှစ်ဆိုရင်ဖြင့် သမီးလေးကို ကျွန်မလိုက်လို့များ မီနိုင်ပါတော့မလား မသိပါဘူးလေ။

နိုဝင်ဘာ ၂၀၁၁ People Magazine
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၆)



တစ်ခါတရံတော့
လူသားနှစ်ယောက်ရဲ့
ရင်းနှီးပတ်သတ်ဆက်နွှယ်မှုမှာ..

မျှော်လင့်ချက်မထားနှိုင်လေလေ..

အဲဒီနှစ်ယောက်ရဲ့  ဆက်ဆံရေးက..

ပို၍အဖိုးထိုက်တန်..လေးနက်ခိုင်မြဲလေပါ
 လွန်းထားထား(ဆေးတက္ကသိုလ်)

''ကျေးဇူးတင်ပါတယ်...''

ရှင်သန်ခွင့်ရတဲ့  အချိန်တိုင်းကို..

ကျေးဇူးတင်နေမိပါတယ်..။

ချစ်မြတ်နိုးခွင့်ပေးတဲ့ .ချစ်သူတွေကိုလည်း..

ကျေးဇူးတင်ပါတယ်..။

ရင့် ကျက်ခွင့်ပေးတဲ့ ရန်သူကိုလည်း..

ကျေးဇူးတင်မိပါတယ်...။

ကိုယ့် ကို..ပိုအစွမ်းထက်မြက်စေတဲ့ ..

ပြိုင်ဖက်ကိုလည်း..

ကျေးဇူးတင်မိပြန်ပါတယ်...။
 လွန်းထားထား(ဆေးတက္ကသိုလ်)

ပြိုင်မြင်းတို့ရဲ့ ရာဇ၀င်


ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ကြပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၅)

လူအချို့ က.. အေးစက်တယ်..

တစ်ချို့ က.. နွေးထွေးတယ်..

တစ်ချို့ က.. ရန်လိုငြူစူတတ်တယ်..

တစ်ချို့ က.. လှိုက်လှဲဖော်ရွေတယ်..

တစ်ချို့ က.. အကောင်းမြင်တတ်တယ်..

တစ်ချို့ က.. အပြစ်ရှာတတ်တယ်..

တစ်ချို့  က..ပျော်တတ်တယ်..

တစ်ချို့ က..ညည်းတွားတတ်တယ်..

ကိုယ့် ကိုရောဘယ်လိုမှတ်ချက်မျိုးပေးစေချင်ပါသလဲ..

သူတစ်ပါးဆီကရော..ဘယ်လိုဆက်ဆံရေးမျိုးကိုမျှော်လင့်မိပါသလဲ..

ကိုယ်..သူတစ်ပါးဆီကနေ မျှော်လင့်တဲ့ အတိုင်း..

တစ်ပါးသူကလည်း ကိုယ့် ဆီကနေမျှော်လင့်နေမယ်ဆိုတာ..မမေ့ပါနဲ့ ..။
. လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၄)

သူတပါးရဲ့ စကားကို လေးလေးနက်နက်.. စိတ်ဝင်တစား.
နားထောင်ပေးတာဟာ..သူ့ကိုကိုယ် အကောင်းဆုံးပေးလိုက်တဲ့ ..
နှစ်သက်စဖွယ် လက်ဆောင်တစ်ခုပါ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

''ချစ်သူက..ပြဌာန်းတဲ့ ချစ်ခြင်းယဉ်ကျေးမှု..''

နိုဝင်ဘာ၂၈ရက်မှာထွက်မယ့်  ကျွန်မရဲ့ စာအုပ်အသစ်ကလေး..
'' လူတစ်ယောက်ကို..
ကိုယ်ပြန်ချစ်နိုင်သည်ဖြစ်စေ..
မချစ်နိုင်သည်ဖြစ်စေ..
ချစ်တတ်သူတစ်ယောက်ကိုတော့ ....
လေးစားသမှုနဲ့  ယဉ်ကျေးစွာ တုန့်ပြန်သင့်ပါတယ်...

လွန်းထားထား(ဆေးတက္ကသိုလ်)
ဒီနေရာမှာ ၀ယ်ယူအားပေးနိုင်ကြပါတယ်...

အတွေးစာစု (၁၃)

သူတစ်ပါးက ကိုယ့် ကို..ဆုံးရှုံးနစ်နာစေတဲ့ အခါ..
ပြုံးရုံကလေးသာပြုံးလိုက်ပါ.။
ကိုယ့် ကိုယ်ကိုယ်ထက်..
ဘယ်သူကမှ..
ကိုယ့် ကိုဆုံးရှုံးနစ်နာအောင် မလုပ်နိုင်ပါ..။
သူတစ်ပါးက ကိုယ့် ကိုထိခိုက်နာကျင်စေတဲ့ အခါ..
အားပါးတရရယ်မောပါ..။
ကိုယ့် ကိုယ်ကိုထက်
ဘယ်သူကမှ..
ကိုယ့် ကိုထိခိုက်နာကျင်အောင် မလုပ်နိုင်ပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၂)

လူတစ်ယောက်ကို..
ကိုယ်ပြန်ချစ်နိုင်သည်ဖြစ်စေ..
မချစ်နိုင်သည်ဖြစ်စေ..
ချစ်တတ်သူတစ်ယောက်ကိုတော့ .
လေးစားသမှုနဲ့  ယဉ်ကျေးစွာ တုန့်ပြန်သင့်ပါတယ်...
လွန်းထားထား(ဆေးတက္ကသိုလ်)

''Recipe For Love...''



 
 
 
အသက်နှစ်ဆယ့် ငါးနှစ်အရွယ်..
ဂန္ထဝင်ဆန်သော အလှပိုင်ရှင်..
မိန်းကလေးတစ်ယောက်ကို ရွေးချယ်ပါ..
လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ..
အကြည့်ပွင့်တို့ နှင့် ချိုမြသောအပြုံးပွင့်တို့ ..
ပေါင်းထည့် ပါ..
စားပွဲတင်ဇွန်း နှစ်ဇွန်းစာ..
ရင်ခုန်တိမ်းညွတ် စိတ်လှုပ်ရှားဖွယ်..
စကားတချို့ နှင့်..
ဂရုစိုက် နွေးထွေးကျင်နာခြင်းများ..
ပေါင်းစပ်ပါ..
ခပ်ကြီးကြီးဆုံးဖြတ်ချက်တစ်ခု..
ပူနွေးလှိုက်မောသော..
ရင်ခုန်သံကို ဖြည့် စွက်ပါ..
လက်တစ်ဆုပ်စာ..
အမှတ်တရ ဖြစ်စဉ်ကလေးများ..
အနမ်းတစ်ပွင့်..
(ဖြစ်နိုင်လျှင်ပိုထည့် ပါ)
ထို့ နောက်..
တောက်ပသည့်မနာလို သဝန်တိုမှု..
ပွင့်မှုံကလေးများဖြူးပါ..
ပြီးလျှင်..
မျှော်လင့်ချက်တချို့ ထဲမှာ..
ညင်ညင်သာသာ..
ထည့် ၍လိပ်ပါ..
ခပ်မောက်မောက် ဇွန်းငါးဇွန်းစာ..
ရယ်မောပျော်ရွှင်ခြင်းများ..
ထည့် ပြီးသောအခါ..
ဆန္ဒနှင့်ရင်ခုန်စိတ်လှုပ်ရှားမှုဖြင့်..
ထပ်၍လိပ်ပတ်ပါ..
ပြီးလျှင်..
ထိုပါဝင်သောအရာများအားလုံးကို..
အတူတူရောနှောပြီး..
ရက်ပေါင်း ၃၆၅ရက်ကြာအောင်ဖုတ်ပေးပါ...
အလွန်လှပမွှေးပျံ့သော..
အချစ်တစ်ခုရလာပါလိမ့်မည်..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၁)

အသည်းကွဲတယ်ဆိုတာ..အောင်မြင်သူတွေအတွက် တွန်းအားတစ်ခုပါ..
တစ်နေ့မှာ..ကိုယ့် ကိုစွန့်လွှတ်လိုက်တဲ့ အတွက်..
သူနောင်တရနေစေမယ့်  အနေအထားတစ်ခုရောက်အောင်..
ကြိုးစားပြလိုက်ပါ..
အခုအသည်းကွဲတာဟာ..တစ်ချိန်မှာပြန်တွေးလိုက်ရင်..
ဘာမှ မဟုတ်တော့ သလိုပါ..
 
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၁၀)

မနက်မိုးလင်းတာနဲ့  အပြုံးကလေး နှုတ်ခမ်းပေါ်တင်လို့
ပျော်ရွှင်ခြင်းကို နှလုံးသားမှာဗဟိုပြုကာ...
ပျော်ရွှင်ခြင်းစက်ဝိုင်းကို စတင်ပါ..
ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ ..
သူငယ်ချင်းတွေ..လုပ်ဖော်ကိုင်ဖက်တွေဆီ..
ပျော်ရွှင်ခြင်းတွေဖြန့်ဝေဆက်ဆွဲပါ..
နေ့ရဲ့ အဆုံးသတ်မှာ..
ပျော်ရွှင်ခြင်းစက်ဝိုင်းရဲ့ ..
အဆုံးသတ်ဟာ..
ကိုယ့် နှလုံးသားဆီမှာဖြစ်နေပါလိမ့်မယ်..။.
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၉)

မပေးတတ်သူကို..ကိုယ်ကစပြီးပေးဆပ်လိုက်တာဟာ.ရက်ရောခြင်းတစ်မျိုးပါ..

မပြုံးတတ်သူကို..ကိုယ်ကစပြီးပြုံးပြလိုက်တာဟာ..ရင့်ကျက်ခြင်းတစ်မျိုးပါ...

မကြင်နာတတ်သူကို ..ကိုယ်ကစပြီးကြင်နာပေးလိုက်တာဟာ..ကရုဏာတစ်မျိုးပါ..

ဂရုမစိုက်တတ်သူကို ..ကိုယ်ကစပြီးဂရုစိုက်ပြလိုက်တာဟာ..နားလည်ခြင်းတစ်မျိုးပါ...
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈)

 ဒီစကားက သူ့ကို ပျော်ရွှင်စေမယ်ဆိုရင်...
တစ်ခါတည်း ပြောလိုက်ပါ...
ဒီစကားကသူ့ကို နာကျင်ထိခိုက်စေမယ်ဆိုရင်..
နှစ်ခါပြန်စဉ်းစားလိုက်ပါ..
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇)


ကိုယ့် ရဲ့ သံသယတွေနဲ့ ..
ကိုယ့် ကိုယ်ကို ပြန်မနှိပ်စက်ပါနဲ့ ..။

ကိုယ့် ရဲ့  အတွေးတွေနဲ့ ..
ကိုယ့် ရဲ့ ပျော်ရွှင်ခြင်းတွေကို .. မဖျက်ဆီးပါနဲ့ .။

ကိုယ့် ရဲ့ စကားလုံးတွေနဲ့ ..
ကိုယ်ချစ်မြတ်နိုးသူတွေကို ..
မနာကျင်ပါစေနဲ့ ...
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆)


သံယောဇဉ်တွေ များလွန်းတော့ လည်း..
ရင်ခွင်တစ်ပြင်လုံး..နွယ်ပင်တွေလိုရှုပ်ယှက်ခတ်လို့ ..
ရေလောင်းပေါင်းသင်စရာမလိုတဲ့ ..
ချစ်ခြင်းရဲ့ ပန်းပွင့်တွေလည်း..ဝေဆာလို့ ..
သေချာတာတော့ ..
ငါ့ရင်တစ်ခုလုံး.အရောင်အသွေးစုံလို့ ..
.ရက်ရက်စက်စက်လှနေမှာ..
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစုများ (၅)


တစ်ခါရှုံးနိမ့်တိုင်း အားမငယ်စေချင်ပါ..
ရှုံးနိမ့်မှုလေးတွေ စုပြုံလာပြီးချိန်မှာ..
အောင်မြင်မှုအဖြစ် ပြောင်းလဲလာတတ်လို့ ပါ..
ရှုံးနိမ့်ခြင်းဆီကနေ..သင်ယူတတ်ဖို့ သာလိုတာပါ..
 သံယောဇဉ်တွေ များလွန်းတော့ လည်း..
ရင်ခွင်တစ်ပြင်လုံး..နွယ်ပင်တွေလိုရှုပ်ယှက်ခတ်လို့ ..
ရေလောင်းပေါင်းသင်စရာမလိုတဲ့ ..
ချစ်ခြင်းရဲ့ ပန်းပွင့်တွေလည်း..ဝေဆာလို့ ..
သေချာတာတော့ ..
ငါ့ရင်တစ်ခုလုံး.အရောင်အသွေးစုံလို့ ..
.ရက်ရက်စက်စက်လှနေမှာ..
 လွန်းထားထား(ဆေးတက္ကသိုလ်)

''ကျွန်မရဲ့  သူရဲကောင်း..''



ဖေဖေ..
ကျွန်မက..''ဖေဖေ'' လို့ ခေါ်လိုက်တိုင်း.
လောကအလယ် .အန္တရာယ်ကြား..
မားမားကာရံ..မဟာရံတံတိုင်းသဖွယ်.
ကာကွယ်တတ်သူ..
သူဟာ.ကျွန်မရဲ့ သူရဲကောင်း..။

ဖေဖေ..
ကျွန်မက..'''.ဖေဖေ'' လို့ ခေါ်လိုက်တိုင်း..
ဝေဒနာတွေကို..အကြင်နာဖြင့်..
ဆေးကြောပေးလျှက်..
ပခုန်းတစ်ဖက်..အဆင်သင့်ရှိသူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း..'။

''ဖေဖေ..''
ကျွန်မက ဖေဖေလို့  ခေါ်လိုက်တိုင်း..
လမ်းပျောက်လျှင်..လမ်းပြကြယ်စင်..
ငိုကြွေးလျှင်...မျက်ရည်စကို သွေ့ခြောက်စေသူ..
နှလုံးသားတွေ အေးစက်သွားတိုင်း..
ပူနွေးလာအောင်..နွှေးပေးတတ်သူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း.။
.
''ဖေဖေ..''
ကျွန်မက ဖေဖေလို့  ခေါ်လိုက်တိုင်း..
ဆုံးဖြတ်ရခက်..ဝေခွဲမရ ရှိခဲ့လျှင်.
မှားမှန်ပိုင်းခြား.သုံးသပ်ဆင်ခြင်.
သွန်သင်ညွန်ပြပေးတတ်သူ..
အားငယ်မိလျှင်..ရင်ချင်းကူးစက်..
စိတ်ဓာတ်မြှင့်တင်ပေးတတ်သူ..
ကမ္ဘာပေါ်မှာ..
ကျွန်မသာလျှင် အတော်ဆုံးဟု..
ကျိုးကြောင်းစီကုံး..ပုံပြောတတ်သူ..
သူဟာ..ကျွန်မရဲ့  သူရဲကောင်း.

''11.11.11.'' ထူးဆန်းအံ့ဖွယ်..
ဒီနေ့လေးသည်..
ကျွန်မချစ်သော သူရဲကောင်း၏..
မွေးနေ့ရက်မြတ် ဖြစ်ပါသည်..
ဒီနေ့..ဒီလ..ဒီနှစ်မှသည်..
နောင်နှစ်တစ်ရာတိုင်..
အသက်ရှည်စွာ..အနာမဲ့ ကာ..
သာသနာ့အကျိုး..သယ်ပိုးနှိုင်ပါစေ..
ဆုမွန်ခြွေပါသည်..
ရှူမငြီးသည့်..ချစ်သမီး..။
.
လွန်းထားထား



Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics