အတွေးစာစု (၄၃)


အရာတစ်ခုဟာ..တကယ်မစစ်မှန်ခဲ့ ရင်.

.ကြာလာတဲ့ အခါ..

အရည်အသွေး ညံ့ဖျင်းသွားတတ်ပါတယ်..။

ခင်မင်မှုတစ်ခုဟာ..တကယ်မစစ်မှန်ခဲ့ ရင်..

ကြာလာတဲ့ အခါ..

တဖြည်းဖြည်းအေးစက်ဝေးကွာသွားတတ်ပါတယ်..။

အချစ်တစ်ခုဟာ..တကယ်မစစ်မှန်ခဲ့ ရင်...

ကြာလာတဲ့ အခါ..

အမုန်းအဖြစ် ပြောင်းလဲသွားတတ်ပါတယ်...။

''လွန်းထားထား''

ချစ်သူက ဖန်ဆင်းထုဆစ်ထားတဲ့ ကျွန်မ


မောင့်ကိုချစ်ရလွန်းလို့သာ 
ရူးရကြေးဆိုရင်
ကျွန်မ ယဉ်ယဉ်ကလေးပဲ
တစ်သက်လုံး...
ရူးနေလိုက်တော့မယ်... မောင်...

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၄၂)

တခါတရံမှာ..ကလေးတွေရဲ့ အတွေးစိတ်ကူးလေးတွေဟာ..

ရိုးရှင်းလွယ်ကူသလောက် အရမ်းမှန်တတ်ပါတယ်..။

သမီးလေးက ကျွန်မကိုသင်ပေးပါတယ်..။

''မေမေ..တစ်ယောက်ယောက်က မေမေမကြိုက်တာ ပြောလာရင်..

ခေါင်းထဲမှာမထားနဲ့ ..

ဟောဒီလို ခေါင်းလေးကိုခါပြီး ထုတ်ပစ်လိုက်..ပျောက်သွားရော..'' တဲ့ ..

ခေါင်းကလေးကို ဆတ်ခနဲငဲ့ စောင်းခါပြပါတယ်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု(၄၁)

လူတစ်ယောက်ရဲ့  ရုပ်အဆိုးအကျည်းတန်ဆုံးအချိန်ဟာ..

ဒေါသအရမ်းကြီးနေတဲ့ အချိန်.

.အတ္တအရမ်းကြီးပြီး တကိုယ်ကောင်းအရမ်းဆန်နေတဲ့ အချိန်..

မာန်မာနတွေအရမ်းထောင်လွှားနေတဲ့ အချိန်ပါ..။

လူတစ်ယောက်ရဲ့ အလှပဆုံးအချိန်ဟာ..

ဒေါသကင်းစင်ပြီး ငြိမ်းချမ်းနေတဲ့ အချိန်..

သူတပါးအပေါ်ကိုယ်ချင်းစာနာထောက်ထားပေးလိုက်တဲ့ အချိန်..

မာန်မာနကင်းစင်ပြီး လွတ်လပ်ပေါ့ ပါးစွာပြုံးနေတဲ့ အချိန်ပါ...။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု(၄၀)

လူနှစ်မျိုးရှိပါတယ်..

တစ်မျိုးက ကိုယ့် ကိုကိုယ်ပိုအရေးထားဦးစားပေးတတ်ပြီး..

ကျန်တစ်မျိုးကတော့ ..

သူတစ်ပါးကို အရေးထားဦးစားပေးတတ်သူပါ..

ကိုယ့် ကိုကိုယ်သာတန်ဖိုးထားတတ်သူက..

တခြားသူကို သူဖြစ်စေချင်သလို ပြောင်းလည်းပုံသွင်းယူပြီးချစ်တတ်သူပါ.။.

သူတစ်ပါးကို တန်ဖိုးထားတတ်သူကတော့ ..

လူတစ်ယောက်ကို သူ့ပကတိအရှိအတိုင်းကိုသာချစ်ခင်မြတ်နိုးတတ်ပါတယ်..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၉)


စွန့်စားရဲဖို့  တွေဝေတွန့်ဆုတ်နေတာဟာ..

ကိုယ့် ရဲ့ စိတ်နှလုံးမှာတွယ်ကပ်နေတဲ့ ..

''ကြောက်ရွံ့စိတ်'' ဆိုတဲ့ အမြှေးပါးကလေးကြောင့်ပါ..။

အဲဒီအမြှေးပါးကလေးကို ဆွဲခွါပစ်လိုက်နှိုင်ရင်..

စွန့်စားကြည့်ဖို့ မကြောက်ရွံ့ တော့ ပါဘူး..။

ပထမအကြိမ်သိပ်ခက်ခဲတယ်လို့ ထင်ရတဲ့ ..

စွန့်စားမှုတစ်ခုဟာ..

ဒုတိယအကြိမ်မှာ အလွယ်တကူဖြစ်နေမှာပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၈)

ကိုယ် တကယ်စိတ်ချမ်းသာချင်ရင်..

ကိုယ့် ကိုစိတ်မချမ်းသာစေသူတွေနဲ့ ဝေးဝေးနေလိုက်ပါ.။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၃၇)

ကိုယ်နှစ်သက်မက်မောတဲ့ အရာတစ်ခုကို..

သူတစ်ပါးလည်း နှစ်သက်မက်မောမှာပဲဆိုတဲ့ ..

စာနာတန်ဖိုးထားမှုကလေးနဲ့ ..

လက်ဆောင်အဖြစ်ပေးကြည့်လိုက်ပါ..

အဲဒီအရာကလေးကို ကိုယ်အသုံးပြုချိန်တိုင်းမှာ..

ကိုယ်ပျော်ရွှင်ကျေနပ်နေတဲ့ ပီတိမျိုး..

သူလည်းထပ်တူခံစားမိမှာပါ..။

ကိုယ်မနှစ်သက်နှိုင်တဲ့ အရာတစ်ခုကို..

တစ်ပါးသူကိုလည်း ဘယ်သောအခါမှ မပေးမိပါစေနဲ့ ..

သူလည်းနှစ်သက်မှာမဟုတ်ပါဘူး..။
 
 လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics