အတွေးစာစု(၅၄)


ယုံကြည်ကိုးစားမှုက လူနှစ်ယောက်ကို ပိုပိုနီးသွားစေတယ်..

သံသယက လူနှစ်ယောက်ကို ပိုပိုဝေးကွာသွားစေတယ်..

အကောင်းမြင်စိတ်က လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်လျှောက်လှမ်းခွင့်ပေးတယ်..။

အဆိုးမြင်စိတ်က လူနှစ်ယောက်ကို ကျောခိုင်းပြီးဝေးလွင့်သွားစေတယ်..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၅၃)

အချစ်ဆိုတာ..

လမ်းလျှောက်တတ်ကာစ ကလေးငယ်တစ်ဦးနဲ့ တူတယ်..။

အကြိမ်ကြိမ်လဲပြိုကျတတ်ပေမယ့် ..

ချက်ချင်းပြန်ထပြီး ဆက်လျှောက်တယ်..။

အဲဒါကို အမှတ်မရှိတာ လို့ ပြောလို့ မရပါဘူး..။

သင်ယူနေတာပဲဖြစ်တယ်..

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၅၂)


ကျေးဇူးပြု၍..

သင်လာလျှင်..သင်နှင့်အတူ အချစ်ကိုသာ ခေါ်လာခဲ့ ပါ..

အမုန်းအတွက် ကိုယ့် ရင်ထဲမှာ နေရာမရှိလို့ ပါ..။

ကျေးဇူးပြု၍..

သင်လာလျှင်..သင်နှင့်အတူ ရိုးသားဖြူစင်ခြင်းကိုသာ ခေါ်လာခဲ့ ပါ..

လှည့် ကွက်တွေအတွက် ကိုယ့် နှလုံးသားထဲမှာ နေရာမရှိလို့ ပါ..။

ကျေးဇူးပြု၍..

သင်လာလျှင်.. နာကြည်းမှုနဲ့ ရန်ငြိုးမုန်းမာန်တွေ စွန့်ပစ်ချန်ထားရစ်ခဲ့ ပါ..

နောင်တတွေအတွက် ကိုယ့် ရင်ဘတ်ထဲမှာ နေရာမရှိလို့ ပါ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

Happy Birthday .. သမီးလေး



ချစ်မငြီးတဲ့ မေ့မျက်ရှူသမီးလေး မေ.. 
သိတတ်လိမ္မာချစ်ဖွယ်စကားအမြဲဆိုသော..

မေ့မျက်နှာရိပ်ကဲကို ပါးနပ်စွာဖတ်တတ်သော..

ယဉ်ကျေးချိုသာ ကြင်နာတတ်သော..

သူတကာအပေါ် စာနာနားလည်တတ်သော..

မိဘကျေးဇူးအထူးသိတတ်သော..

ချစ်သမီးလေးရဲ့  မွေးနေ့ရက်မြတ်မှသည်..

နောင်နှစ်ပေါင်းများစွာတိုင်..

ရတနာသုံးပါးဦးထိပ်ထားသော..

စိတ်နှလုံးကြည်ရွှင်ကျန်းမာသော..

ဉာဏ်ပညာကြီးမားရဲရင့်ပွဲလည်တင့်သော..

စိတ်ထားမြင့်မြတ်ဖြူစင်သော..

အရာရာကို ထိုးထွင်းနားလည်တတ်သိသော..

သူတထူး၏ ကျေးဇူးကိုသိနားလည်ပြီး တုန့်ပြန်ပေးဆပ်တတ်သော..

ရန်လိုငြူစူခြင်းကင်းရှင်းသော..

အကုသိုလ်အာရုံမှန်သမျှနှင့် ကင်းဝေးသော..

ကျန်းမာချမ်းသာစွာ လိုတရပြီးပြည့် စုံသော..

သူတော်ကောင်းတရားကို ကျင့်ကြံပွါးများအားထုတ်နှိုင်သော..

သူတော်ကောင်းတိုင်းက ချစ်မြတ်နိုးသော..

သမီးကောင်းရတနာကလေးဖြစ်ပါစေကြောင်း..

ဖေနဲ့  မေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်..။

၂၃..၀၆..၂၀၁၂။

မမက်ဖူးတဲ့ အိပ်မက်..


လူတယောက်ကို မုန်းနေမိပြီဆိုရင်.. ကိုယ်ရဲ့ စိတ်နှလုံး တစ်ခုလုံးကို.. အဲဒီလူဆီမှာ.. အကျဉ်းကျခံထားလိုက်ရတာနဲ့  အတူတူပဲ..

 လွန်းထားထား(ဆေးတက္ကသိုလ်)

ငြိမ်းချမ်းရေးအတွက်

 
 အမုန်းစစ်ပွဲတွေ ရပ်တန့်ပါစေ..

မတရားမှုတွေ ချုပ်ငြိမ်းပါစေ..

လူသားအချင်းချင်းစာနာတန်ဖိုးထားနိုင်ကြပါစေ..

နွေးထွေးလုံခြုံသော စိတ်နှလုံးများပိုင်ဆိုင်နိုင်ကြပါစေ..

လူသားအပေါင်း ဘေးရန်ကင်းပြီးငြိမ်းချမ်းကြပါစေ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

'' ဇွန်၈ အမှတ်တရ မှတ်တမ်း...''

'' ဇွန်၈ အမှတ်တရ မှတ်တမ်း...'' 
ဒီနေ့မိုးလေးက တဖွဲဖွဲနဲ့  ချစ်စရာ့နေ့ကလေးပါ..။ ညက ဆယ့် နှစ်နာရီထိုးတာနဲ့  ချစ်မောင်ဆီက မွေးနေ့အနမ်းကလေး ပထမဆုံးရရှိပါတယ်..။ ပြီးတော့  သိပ်ချစ်စရာကောင်းတဲ့  မွေးနေ့ကာဒ့် ကလေးရယ်ပေါ့ ..။ မနက်မိုးလင်းလာတော့ ကျွန်မစွဲလမ်းရတဲ့  မျက်နှာစာအုပ်ကြီးပေါ်မှာ..ကျွန်မကိုချစ်တဲ့ .. ကျွန်မကချစ်တဲ့ ညီအစ်မလေးတွေဆီက..ချစ်စရာ မွေးနေ့ဆုတောင်းလေးတွေနဲ့  ဝေဆာစည်ကားလို့  ပျော်စရာကြီးရယ်..။ ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်..။ လူတွေ အများကြီးဆီက အချစ်တွေ.. ဆုမွန်ကလေးတွေရရှိတာ..ကျွန်မ အရမ်းပျော်ပါတယ်..။ ကျွန်မရဲ့ နေ့ကလေးကို ပြီးပြည့် စုံသွားစေပါတယ်..။ တကယ်တော့  ဇွန် ၈ ရက် ဟာ..ကျွန်မချစ်တဲ့  ကျွန်မမေမေရဲ့ မွေးနေ့လည်း ဖြစ်တာမို့ .. ဒီနေ့တိုင်းမှာ အိမ်မှာ ဘုန်းဘုန်းတွေပင့် ပြီး ဆွမ်းအမြဲကျွေးလေ့ရှိပါတယ်..။ ဒီနေ့ အိမ်မှာ လယ်တီကျောင်းက ဘုန်းဘုန်း ငါးပါးပင့်ပြီး '' ရွှေဘဲ restaurant'' က ဟင်းလျာတွေ အစုံမှာပြီး ဆွမ်းကပ်ပါတယ်..။ ဒီနေ့ပဲ ထူးထူးခြားခြားရောက်လာတဲ့  ပါဆယ်ထုပ်ကလေးက ကျွန်မရဲ့ မွေးနေ့လေးကို ပိုပြီးမင်္ဂလာအပေါင်းနဲ့ပြည့် .စုံသွားစေပါတယ်..။ ဆရာတော်အရှင်ဆန္ဒာဓိက ဆီကပို့ ပေးလိုက်တဲ့  ဓမ္မစာအုပ်ကလေးတွေ ရောက်လာလို့  ပါ..။ ဘုန်းဘုန်းရဲ့  မွေးနေ့လက်ဆောင်ကလေးပါ..။ ကျွန်မရဲ့ အမှတ်တရ ပျော်ရွှင်စရာနေ့ကလေးကို ပိုပြီးလှပသက်ဝင်လာအောင် ဝိုင်းပြီးဆုမွန်တောင်းပေးကြတဲ့  ညီအစ်မတွေ..အကို. မောင်တွေကို .. ကျေးဇူးအရမ်းတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်..။ မနက်ဖန်တော့  ဝိဝေကာရာမကျောင်းမှာ ဘုန်းဘုန်းကို ဆွမ်းသွားကပ်မှာမို့  ဒီနေ့ဟင်းတွေချက်ပါတော့ မယ်..။ ခင်မင်နီးစပ်ရာ မိတ်ဆွေအနည်းငယ်ဖိတ်ပြီး ဒန်ပေါက်ကျွေးမှာပါ..။ ညနေကျရင်တော့  ချစ်သော မောင်နဲ့  ချစ်သမီးလေးနဲ့  အတူ ဆိုင်တစ်ဆိုင်မှာသွားစားပါမယ်..။ 
ချစ်ခင်းများစွာဖြင့်.. 
လွန်းထားထား

 မနေ့က  မွေးနေ့အကြိုကောင်းမှုကုသိုလ်အဖြစ်..မနေ့က ဝိဝေကာရာမ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးဝေယျာဝစ္စကုသိုလ်လုပ်ခဲ့ ပါတယ်..။
ဒီကုသိုလ်ကောင်းမှုကို သူငယ်ချင်းတွေအားလုံး ထပ်တူထပ်မျှ အမျှရကြပါစေရန် အမျှဝေပါတယ်..အမျှ အမျှ.အမျှ..။
ထပ်တူထပ်မျှ အမျှရကြပြီး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ...။
.ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့  ပြည့် စုံနှိုင်ကြပါစေ..လိုတရနိုင်ကြပါစေ..။
လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics