Happy Birthday .. သမီးလေး



ချစ်မငြီးတဲ့ မေ့မျက်ရှူသမီးလေး မေ.. 
သိတတ်လိမ္မာချစ်ဖွယ်စကားအမြဲဆိုသော..

မေ့မျက်နှာရိပ်ကဲကို ပါးနပ်စွာဖတ်တတ်သော..

ယဉ်ကျေးချိုသာ ကြင်နာတတ်သော..

သူတကာအပေါ် စာနာနားလည်တတ်သော..

မိဘကျေးဇူးအထူးသိတတ်သော..

ချစ်သမီးလေးရဲ့  မွေးနေ့ရက်မြတ်မှသည်..

နောင်နှစ်ပေါင်းများစွာတိုင်..

ရတနာသုံးပါးဦးထိပ်ထားသော..

စိတ်နှလုံးကြည်ရွှင်ကျန်းမာသော..

ဉာဏ်ပညာကြီးမားရဲရင့်ပွဲလည်တင့်သော..

စိတ်ထားမြင့်မြတ်ဖြူစင်သော..

အရာရာကို ထိုးထွင်းနားလည်တတ်သိသော..

သူတထူး၏ ကျေးဇူးကိုသိနားလည်ပြီး တုန့်ပြန်ပေးဆပ်တတ်သော..

ရန်လိုငြူစူခြင်းကင်းရှင်းသော..

အကုသိုလ်အာရုံမှန်သမျှနှင့် ကင်းဝေးသော..

ကျန်းမာချမ်းသာစွာ လိုတရပြီးပြည့် စုံသော..

သူတော်ကောင်းတရားကို ကျင့်ကြံပွါးများအားထုတ်နှိုင်သော..

သူတော်ကောင်းတိုင်းက ချစ်မြတ်နိုးသော..

သမီးကောင်းရတနာကလေးဖြစ်ပါစေကြောင်း..

ဖေနဲ့  မေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်..။

၂၃..၀၆..၂၀၁၂။

4 comments:

ဆရာမရဲ့ သမီးလေးကို အပြင်မှာ မတွေ့ဘူးပေ့မယ့် ဓာတ်ပုံထဲမှာတွေ့ဖူးပါတယ်.မြင်မြင်ချင်း ချစ်ခင်မိပါတယ် ... ဆရာမရဲ့သမီးလေး မွေးနေ့မှ စ နောင် နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာချင်းနှင့် ပြည်စုံပြီး....နိုင်ငံအတွက် အကျိုးပြုသော သမီးကောင်းရတနာ တစ်ပါး ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်...........

 

Happy Birthday!!!! သမီးလေးရေ

 

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့ပေါင်းများစွာကို ချစ်ရသူမိဘနှစ်ပါးနဲ့အတူ
နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်ခွင့်ရပါစေ သမီးရေ.။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သော ဆန္ဒအားလုံးပြည့်ဝပါစေ။ သာသနာပြုနိုင်သော သမီးလေးတစ်ယောက်ဖြစ်ပါစေ။
(Happy Birthday !!!!)
လေးစားခင်မင်လျက်
သဒ္ဓါလှိုင်း

 

ချစ်စဖွယ်သမီးငယ်လေးတစ်ယောက် မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်းသုခ ... ချမ်းသာခြင်းသုခများကို ပိုင်ဆိုင်ခံစားနိုင်ပါစေ မမရေ ... :)

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics