အတွေးစာစု ၆၀


သင်ချစ်တဲ့ သူကို..

တစ်နေ့ တစ်ကြိမ်လောက် ဖြူစင်ရိုးသားတဲ့  အပြုံးကလေးနဲ့ ပြုံးပြဖူးပါရဲ့ လား..။

တစ်နေ့ တစ်ကြိမ်လောက် မာယာမပါတဲ့ ချီးကျူးစကားကလေး ပြောပြဖူးပါရဲ့ လား..။

တစ်နေ့တစ်ကြိမ်လောက် သူ့အပြစ်သေးသေးလေးကို နားလည်ခွင့်လွှတ်ပေးဖူးပါရဲ့ လား..။

တစ်နေ့တစ်ကြိမ်လောက်..သူ့ကိုချစ်တဲ့ အကြောင်း ရိုးရိုးသားသားကလေး ပြောပြဖူးပါရဲ့ လား..???

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု ၅၉


ငှက်ကလေးရေ..။

မင်း အမြင့်ကို ပျံသန်းလေလေ..

မနာလိုခြင်း..ယှဉ်ပြိုင်တိုက်ခိုက်ခြင်း..ပုတ်ခတ်ဝေဖန်ခြင်းဆိုတဲ့ ..

ခဲတွေနဲ့ အပစ်အခတ်ခံရလိမ့်မယ်..

မင်းရဲ့ တာဝန်က ခဲတွေကို ရှောင်ရှားဖို့ မဟုတ်ဘူး..။

ပိုပိုမြင့်နှိုင်သ၍ မြင့်အောင်ပျံသန်းဖို့ ပါ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု ၅၈


ပျော်ရွှင်ခြင်းတွေကို တစ်နေ့နည်းနည်းစီ ရင်ဘတ်ထဲမှာစုစုထားပေးပါ..။

တစ်ချိန်မှာ ဝမ်းနည်းကြေကွဲနေချိန် ..ပျော်ရွှင်ခြင်းတွေပြတ်လပ်သွားတဲ့ အခါ..

ရင်ဘတ်ထဲက စုဆောင်းထားတဲ့  ပျော်ရွှင်ခြင်းတွေပြန်အသုံးဝင်လာပါလိမ့်မယ်..။

လွန်းထားထား(ဆေးတက္ကသိုလ်)

သမီးတို့ခေတ်ဂျာနယ် နှင့် အင်တာဗျူး



လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု(၅၇)

 
 
သိပ်ခက်တဲ့ အရာတွေကို လွယ်ကူအောင်လုပ်ယူရတာ စိမ်ခေါ်မှု တစ်ခုပါ..

သိပ်လွယ်ကူတဲ့ အရာတွေကို ခက်အောင်လုပ်ယူတာကတော့ ..

ကိုယ့် ကိုယ်ကို ပြန်နှိပ်စက်ရာကျပါတယ်..။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၅၆)


အချစ်ကို နားမလည်နိုင်သေးခင်ကတော့ ..

အချစ်ဆိုတာ..

ကိုယ်စိတ်ချမ်းသာ ပျော်ရွှင်ဖို့ အတွက် ..

သူတပါးကို ချစ်တာလို့  ထင်ခဲ့ တယ်..။

အချစ်ကို နားလည်လာချိန်ကျတော့ ..

အချစ်ဆိုတာ..

ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်..

ကိုယ့် ဘဝကို ပေးဆပ်ပြီးသား ဖြစ်နေနှင့်ခဲ့ ပြီ..။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၅၅)


လျှို့ ဝှက်ချက်ကင်းသော နှလုံးသား..ပေါ့ပါးလတ်ဆတ်လွန်းတယ်..။

သံသယကင်းသော နှလုံးသား..အေးမြငြိမ်းချမ်းလွန်းတယ်..။

မာန်မာနကင်းသော နှလုံးသား..ဖြူစင်ကြည်လင်လွန်းတယ်..။

ချစ်ခြင်းမုန်းခြင်းကင်းသော နှလုံးသား..လွတ်လပ်သိမ်မွေ့လွန်းတယ်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics