အတွေးစာစု (၆၄)


လူတိုင်းဆီက ချီးကျူးစကားသံတွေကြားချင်ခဲ့ ပေမယ့် ..

တခြားသူတစ်ယောက်ကို စတင်ချီးကျူးစကားဆိုဖို့ ..

ဝန်လေးတွန့်ဆုတ်ချင်နေလိမ့်မယ်..။

လူတိုင်းဆီက မာယာကင်းတဲ့ ရိုးသားတဲ့ ဆက်ဆံရေးကို

မျှော်လင့်နေမိသော်လည်း..

ကိုယ်က စတင်ရိုးသားကြည့်ဖို့ ..သတိမေ့ချင်မေ့နေလိမ့်မယ်..။

သူတစ်ပါးဆီက နက်ရှိုင်းလေးနက်လွန်းတဲ့  ချစ်မြတ်နိုးခြင်းကို

အလိုရှိတောင့်တလွန်းမိပေမယ့် ..

ကိုယ်ကိုယ်တိုင်က စတင်လေးနက်ကြည့်ဖို့ 

မလိုအပ်သေးဖူးလို့  ထင်ချင်ထင်မိနေလိမ့်မယ်..။

လွန်းထားထား(ဆေးတက္ကသိုလ်)

နှလုံးသားကိုဝတ်ရုံချုပ်ဝတ်ထားတဲ့ချစ်သူ

နောင်ဘယ်တော့ မှ ပြောခွင့်မကြုံတော့ ဘူးဆိုတဲ့  ခံစားမှုမျိုးနဲ့ ..

သူတပါးကို ချီးကျူးစရာစကားဆိုပါ..။
.
နောင်ဘယ်တော့ မှ ပြုံးပြခွင့်မရှိတော့ ဘူးဆိုတဲ့ ခံစားမှုမျိုးနဲ့ ..

ပြုံးသင့်တဲ့ သူကိုပြုံးပြပါ...။

နောင်ဘယ်တော့ မှ..ချစ်ခွင့်မရှိတော့ ဘူးဆိုတဲ့ မက်မောမှုမျိုးနဲ့ ..

ကိုယ်ချစ်မြတ်နိုးသူကို ချစ်ပါ...။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆၃)


ကိုယ်ချစ်တဲ့ သူအတွက်ဆိုရင်..

ကိုယ့် ရဲ့ လိုအင်တွေ အကုန်နောက်ဆုတ်သွားတယ်.။

ကိုယ်ချစ်တဲ့ သူအတွက်ဆိုရင်..

ကိုယ့် ရဲ့ အခွင့်အရေးတွေ ဒုတိယဖြစ်ကုန်တယ်..။

ကိုချစ်တဲ့ သူအတွက်ဆိုရင်..

ကိုယ်ရဲ့ အသက်ရှင်ခြင်းတောင် သူ့အတွက်ဖြစ်သွားတယ်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆၂)


တကယ်သာ နေတတ်မယ်ဆိုရင် ဘဝဆိုတာ ပျော်စရာအကောင်းဆုံး ခရီးတစ်ခု...
တကယ်သာ ချစ်တတ်မယ်ဆိုရင် ချစ်သူဆိုတာ ကိုယ့်ရဲ့ရင်ချင်းဆက်
အဖော်တစ်ယောက်...
တကယ်သာ ကြိုးစားကြည့်မယ်ဆိုရင် အောင်မြင်မှုဆိုတာ ကိုယ့်အတွက်
အလှပဆုံး စိမ်ခေါ်မှုတစ်ခုပါ ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု ၆၁

မျှော်လင့်ထားသလိုဖြစ်မလာသေးတဲ့ အခိုက်အတန့် ကလေးမှာ အဲဒီအခြေအနေကလေးကို မျှော်လင့်ချက်ကင်းကင်းနဲ့ အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ကြိုးစားခြင်းဟာ အသစ်တည်ဆောက်လိုက်တဲ့ မျှော်လင့်ချက်တစ်ခုပါ ။

လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics