အချစ်က သင့်အားပြုစားခဲ့ သော်...


'' အချစ်က သင့်အားပြုစားခဲ့ သော်...''


သူမအတွက်တော့  


အချစ်က မျက်လှည့် တစ်ခုနှင့် တူသည်..။


ပဉ္စလက်ဆန်သည်...။


အံ့ဩနွေးထွေးမှုကိုပေးသည်..။


စိတ်ကိုဖြားယောင်းလွန်းသည်..။


မဖြစ်နှိုင်ဘူးလို့ ထင်ထားသောအရာတစ်ခုကို..


တကယ်ဖြစ်လာအောင်လည်း ဖန်တီးနှိုင်စွမ်းရှိသည်..။


ပြီးတော့ ..

အချစ်က ပြုစားတတ်ပြန်သည်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆၆)


ကိုယ်နဲ့  အယူအဆ မတူတိုင်းလည်း သူမမှားပါဘူး..။ 
 ကိုယ်နဲ့  အတွေးအခေါ်မတူတိုင်းလည်း သူမညံ့ပါဘူး..။ 
 ကိုယ့် ရဲ့  အလိုဆန္ဒတွေကို မဖြည့် ဆည်းပေးနှိုင်တိုင်းလည်း သူမဆိုးပါဘူး..။ လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆၅)

သူပေးတိုင်းလည်း ကိုယ်ယူမှ ရတာပါ ။
သူတောင်းတိုင်းလည်း ကိုယ်ပေးမှဖြစ်တာပါ ။
ချစ်တိုင်းလည်း ကိုယ်တုန့် ပြန်မှ ချစ်သူတွေဖြစ်ခွင့်ရှိတာပါ ။
 သူမုန်းတိုင်းလည်း ကိုယ်ပြန်မုန်းမှ ရန်သူတွေဖြစ်ရတာပါ ။ 

လမ်းရှိတိုင်းလည်း ကိုယ်လျှောက်လှမ်းမှ ခရီးရောက်တာပါ ။ 
လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics