အို...မေမေ...

အို...မေမေ...
မေ့ရင်သွေးကို
ရင်မှာ လွယ်ပိုး
ကိုးဆယ်လကြာ
မညည်းပါခဲ့
ပီတိမျက်နှာ
ချိုသာလှဘိ...

အို...မေမေ...
ရင်မှဖြစ်သော မေတ္တာနွေးကြောင့်
သွေးက... အရောင်ပြောင်းတဲ့
နို့ချိုအေးနဲ့ အသက်ဆက်ခဲ့...
သမီးလှမျက်နှာ...
ကြည့်မဝပါတဲ့...

အို...မေမေ...
အရိပ်တကြည့်ကြည့်
ပိုးပမာနှယ်...
ယုယပိုက်ထွေး
မျက်ရှုသည်းကို
ချစ်မဝပါတဲ့...

အို...မေမေ...
သမီးရင်ကို
ဖောက်ထွင်းမြင်တတ်
စိတ်ဖတ်သူလည်း ဖြစ်ခဲ့ပါရဲ့...
ပူဆာသမျှ... လိုတရခဲ့....

အို...မေမေ...
မေမေ့ရင်နဲ့... ဟိုးဝေးရာဆီ...
တောင်ပံဖြန့်လွှင့်
ပျံနှင့်ခဲ့သော...
ချစ်သမီးကို
ပြစ်တင်စကား တစ်ခွန်းမဆို...
ပြုံးရယ်မပျက်... နေပြခဲ့လည်း...
မေမေ့ရင်မှာ.... ဟာသောမလပ်..
ထိုကွက်လပ်ကို...
သမီး...
ဘယ်သို့ ဖြည့်မည်နည်း...။

လွန်းထားထား(ဆေးတက္ကသိုလ်)
 
“နေ့တိုင်း မပြောဖြစ်ပေမယ့်... ရင်ထဲမှာတော့ သိပ်ချစ်တယ်... မေမေ....”

ဆယ်နှစ်ကြိုးကဝေ


အပိုင်း (၁) ကို ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါပြီ...... 
အပိုင်း (၂) ကို ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါပြီ.
 လွန်းထားထား(ဆေးတက္ကသိုလ်)

မျက်ရည်တစ်ပွင့်ရဲ့ တိုးဖွညင်သာသော


'' ဒီစာအုပ်လေးက လွန်ခဲ့ တဲ့ နှစ်နှစ်ကျော်လောက်က ရေးထားတာပါ.။

အကြောင်းအမျိုးမျိုးကြောင့် ခုမှထုတ်ဝေဖြစ်တာပါ.။

ဒါရိုက်တာ ဝိုင်းက ရိုက်ကူးအသက်သွင်းပေးပါမယ်.

စာအုပ်လေးကို မနက်ဖြန် ဖြန့်ချိပါမယ်..။''

 လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics