အတွေးစာစု (၇၁)


နွေးထွေးတဲ့အပြုံးလေးတစ်ပွင့်က သူစိမ်းနှစ်ယောက်ကို ခင်မင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ် ခွင့်ပေးနိုင်ပါတယ်။

လေးနက်တဲ့ စကားလေးတစ်ခွန်းက ရင်ခုန်စေသူနှစ်ယောက်ကို
ချစ်သူနှစ်ယောက်အဖြစ်နှောင်ဖွဲ့ခွင့်ပေးပါတယ်။

ရိုးသားတဲ့အားပေးစကားလေးတစ်ခွန်းက အားငယ်စိတ်ညစ်နေသူကို
အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲလေးတစ်ခု ဖန်တီးပေးနိုင်စွမ်းပါတယ်။
 

လွန်းထားထား(ဆေးတက္ကသိုလ်) 

အတွေးစာစု (၇၀)



အချိန်မတန်မီ ခူးတဲ့ပန်း မမွှေးပျံ့ နိုင်သေးဘူး။

အချိန်မတန်မီ ဆွတ်တဲ့သစ်သီး မချိုမြိန်နိုင်သေးဘူး။

အချိန်မတန်မီ ပြောတဲ့စကား အရာမထင်နိုင်သေးဘူး။

အချိန်မတန်မီ လုပ်တဲ့အလုပ် အထမမြောက်နိုင်ပါဘူး ။
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၆၉)


အမုန်းရန်ငြိုးတွေလည်း ငြိမ်းအေးကင်းစင်သွားပါစေ....

ဒေါသမာနမီးလျှံတွေလည်း ငြိမ်းချမ်းပြီးဆုံးသွာပါစေ...

လူသားအားလုံးလည်းအသက် ဘေးအန္တရာယ်အပါင်းကနေ ကင်းလွတ်ငြိမ်းချမ်းကြပါစေ....

ပူပန်ကြောင့်ကြသောကမှန်သမျှ ကင်းစင်ငြိမ်းချမ်းကြပါစေသား။
 လွန်းထားထား(ဆေးတက္ကသိုလ်)

ခြေသံများနှင့် ချစ်ခြင်း လုံးချင်းဝတ္ထုသစ်



''ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးလာမယ့်  မြန်မာနှစ်ဆန်းမှာ ထုတ်ဝေဖြန့်ချိဖို့ 

အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့  စာအုပ်အသစ်ကလေး...''

ဧပြီလ 19 ရက်နေ့ ဖြန့်ချိပါမယ်ရှင်..။
  လွန်းထားထား(ဆေးတက္ကသိုလ်)

နှစ်သစ်ဆုတောင်း (၁၃၇၅)


နှစ်သစ်မှာ လူသားအားလုံး ပူပန်ကြောင့်ကြကင်းစင်စွာ...

ဘေးရန်အပေါင်း ကင်းရှင်းစွာ...

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းအေးမြစွာ ...

ပျော်ရွှင်ချမ်းမြေ့ လိုတရကြပါစေလို့ 

ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်ရှင် ။

  လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics