'သူ့ရင်ဘတ်ရဲ့ ဘယ်ဘက်တစ်နေရာတွင် သူမ..နေထိုင်သည်..''



အချစ်ကို နားမလည်နှိုင်သေးခင်ကတော့ 
အချစ်ဆိုတာ
ကိုယ်စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်
သူတပါးကို ချစ်တာလို့ ထင်ခဲ့ တယ်။
အချစ်ကို နားလည်လာချိန်ကျတော့ 
အချစ်ဆိုတာ
ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်
ကိုယ့် ဘဝကို ပေးဆပ်ပြီးသားဖြစ်နေနှင့်ပြီ...
ဇူလိုင်လ ပထမပတ်မှာ ဖြန့်ချိမယ့်  စာအုပ်အသစ်ကလေးပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

Happy Father's Day 2013




အဖေ....

သူငယ်ချင်းတစ်ယောက်လိုလည်း ရင်ဖွင့်ခွင့်ပေးတတ်တယ်။

စစ်သူကြီးတစ်ယောက်လိုလည်း ရန်တွေကိုကာကွယ်ပေးတတ်တယ်။

စာဖတ်သူတစ်ယောက်လိုလည်း သမီးမျက်နှာကိုအသေးစိတ်ဖတ်တတ်တယ်။

နားထောင်သူတစ်ယောက်လိုလည်း သမီးပြောသမျှ နားထောင်ပေးတတ်တယ်။

အဘိဓါန်ကြီးတစ်အုပ်လိုလည်း သမီးသိချင်သမျှ ရှာဖွေပေးတတ်တယ်။

လူရွှင်တော်တစ်ယောက်လိုလည်း သမီးရယ်မောအောင်ပြောတတ်တယ်။

အဖေ...လို့ တလိုက်မိတိုင်း မရောက်ရောက်အောင် သမီးရှေ့ ရောက်လာတတ်တယ်။

ရောက်လာတိုင်းလည်း လုံခြုံနွေးထွေးပြီးပြည့်စုံသွားတတ်တယ်။

ဘယ်သူတွေဘယ်လောက်ကောင်းကောင်း အဖေ့ကိုပဲ သမီးအမြဲချစ်တယ် အဖေ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၃)

 
ဘဝမှာ ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုရင်လေ...
စိတ်ပင်ပန်းနာကျင်စေမယ့် ပူပန်သောက..မာန်မာနနဲ့ ဒေါသလောဘတွေထဲမှာ..
ကိုယ့်ကိုယ်ကိုယ် အကျဉ်းချထားမိမယ့်အစား...
ပူပန်ကြောင့်ကြသောကကင်းတဲ့ ပျော်ရွှင်ခြင်းတွေဆီ လွတ်မြောက်ခွင့်ပေးလိုက်ရအောင်ပါ ။
လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics