အတွေးစာစု (၇၆)

 
 
အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ဘက်တူညီမျှရမယ်။

ဒါမှ သက်တမ်းရှည်မယ်။

အချစ်မှာ တကိုယ်ကောင်းမဆန်ရဘူး။

သူ့ ဖက်ကို အမြဲငဲ့ကြည့်ဖို့ လိုတယ်။

ကိုယ်တစ်ယောက်တည်း ရှေ့ ကနေပြေးနိုင်တိုင်း

စွတ်ပြေးနေလို့ မရဘူး။

စောင့်ခေါ်နိုင်ရမယ်။

အဲဒါမှမဟုတ်ရင်

တစ်ယောက်က ကျန်ခဲ့မှာပဲ၊၊

လက်တွဲညီညီထားပြီး

နံဘေးချင်းကပ်ထားနိုင်မယ့် ဟာမိုနီမျိုးရှိမှ

အချစ်က ခိုင်မြဲတာပါ...၊၊

(ချစ်လွန်းတော့လည်းရူးတယ်ထင် မှ...)
လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်လွန်းတော့ လည်း ရူးတယ်ထင်


'' ချစ်လွန်းတော့ လည်း ရူးတယ်ထင်..''

အချစ်ကြီးမိသော မိန်းမတွေဟာ..

ဘဝမှာ တစ်ခါတစ်ရံတော့ ..

ရက်စက်မိတတ်ကြသည်မဟုတ်လား..

ကျွန်မ..

အချစ်ကြီးမိပြီဆိုပါစို့ ..။

(ဒီလထွက်မယ့်  စာအုပ်အသစ်ကလေးပါ..။ အချစ်ကြီးတတ်တဲ့  မိန်းကလေးတစ်ယောက်ရဲ့  ခပ်မိုက်မိုက်အပြင်းစားဇာတ်လမ်းလေးပါ။)
 

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၅)

 
ဘဝရဲ့ အောင်မြင်ဖို့ အတွက် အခွင့်အလမ်းတွေကို ဘယ်သူကမှ လာပေးခဲ့တာ

မဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်ပဲ လိုက်ရှာဖွေကြိုးစားရတာပါ။

ဘဝရဲ့ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းတွေကိုလည်း ဘယ်သူကမှ ကိုယ့်ဆီက

လုယူသွားတာဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်ပဲ လွှတ်ချလိုက်တာပါ၊၊
လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics