သမီးလေးကို ငြိမ်းချမ်းပျော်ရွှင်တဲ့ဘ၀လေးတစ်ခုပိုင်ဆိုင်စေချင်တဲ့....


ချိုမြိန်သော လက်စားချေခြင်း



ဇွန်လ ၈ ရက်နေ့ မွေးနေ့ အမှီ ထုတ်ဝေမယ့် စာအုပ်အသစ်ကလေးပါ ၊၊

" ချိုမြိန်သော လက်စားချေခြင်း " တဲ့။

တစ်ခါတစ်ရံမှာ တိတ်ဆိတ်လွန်းတဲ့ နှုတ်ဆိတ်ငြိမ်သက်နေလိုက်ခြင်းက ...

စကားလုံးပေါင်းရာထောင်ချီပစ်လွှတ်နေတဲ့ လကိနက်တွေထက် အဆပေါင်းများစွာ

ထိရောက်စေတယ်လို့  ကျွန်မထင်ပါတယ်။

လွန်းထားထား (ဆေးတက္ကသိုလ်)

Interview @ CHILLI Magazine

June လ ထုတ် CHILLI MAGAZINE မှာပါတဲ့ မိသားစု Interview လေးပါ..။ခင်ပွန်း နာမည်ကိုတော့ 
ဒေါက်တာအံ့ထွန်းမောင် လို့ ပြင်ဖတ်ပေးပါနော်။



Happy Mothers' Day 2014


အမေ...

ထူးခြားတဲ့ တရားတစ်ပုဒ် ကြားနာရတိုင်း

ပထမဆုံးမျှဝေမိတာ အမေ ။

အေးချမ်းတဲ့တရားရိပ်မှာ ခိုဝင်မိတိုင်း

ထူးမြတ်တရားရစေချင်မိတာ အမေ ။

အရသာထူးကဲ အစားတစ်လုပ်စားမိတိုင်းမှာ

ကျွေးမွေးပြုစုချင်မိတာ အမေ။

ပျော်ရွှင်စရာ သုခချမ်းသာ၊ ရင်မောစရာသောကအချို့ ကို

ထပ်တူခံစားမျှဝေပေးတတ်တာ အမေ။

အမေဟာ ပြာလဲ့ကျယ်ဝန်းတဲ့ ကောင်းကင်ကြီးတစ်ခု။

အမေဟာ ကြည်လင်ငြိမ်းအေးတဲ့ စမ်းချောင်းကလေးတစ်ခု။

အမေဟာ သစ်ဝါးရိပ်နဲ့ စိမ်းစိုအေးချမ်းတဲ့တောအုပ်ကလေးတစ်ခု။

အမေဟာ ထူးမြတ်လှတဲ့တရားတစ်ပုဒ် ။

အမေဟာ မေတ္တာရဲ့ အထိမ်းအမှတ်တစ်ခုမို့ ...

သမီးတိုင်းရဲ့ ရင်မှာ ထာဝရအမေများနေ့ ပါ ၊၊

ကျွန်မချစ်သောကျွန်မရဲ့ မိခင်နဲ တကွ မိခင်များအားလုံး အမြဲထာဝရငြိမ်းချမ်းပျော်ရွှင်နိုကြပါစေ။

လွန်းထားထား ။
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics