Happy Mothers' Day 2014


အမေ...

ထူးခြားတဲ့ တရားတစ်ပုဒ် ကြားနာရတိုင်း

ပထမဆုံးမျှဝေမိတာ အမေ ။

အေးချမ်းတဲ့တရားရိပ်မှာ ခိုဝင်မိတိုင်း

ထူးမြတ်တရားရစေချင်မိတာ အမေ ။

အရသာထူးကဲ အစားတစ်လုပ်စားမိတိုင်းမှာ

ကျွေးမွေးပြုစုချင်မိတာ အမေ။

ပျော်ရွှင်စရာ သုခချမ်းသာ၊ ရင်မောစရာသောကအချို့ ကို

ထပ်တူခံစားမျှဝေပေးတတ်တာ အမေ။

အမေဟာ ပြာလဲ့ကျယ်ဝန်းတဲ့ ကောင်းကင်ကြီးတစ်ခု။

အမေဟာ ကြည်လင်ငြိမ်းအေးတဲ့ စမ်းချောင်းကလေးတစ်ခု။

အမေဟာ သစ်ဝါးရိပ်နဲ့ စိမ်းစိုအေးချမ်းတဲ့တောအုပ်ကလေးတစ်ခု။

အမေဟာ ထူးမြတ်လှတဲ့တရားတစ်ပုဒ် ။

အမေဟာ မေတ္တာရဲ့ အထိမ်းအမှတ်တစ်ခုမို့ ...

သမီးတိုင်းရဲ့ ရင်မှာ ထာဝရအမေများနေ့ ပါ ၊၊

ကျွန်မချစ်သောကျွန်မရဲ့ မိခင်နဲ တကွ မိခင်များအားလုံး အမြဲထာဝရငြိမ်းချမ်းပျော်ရွှင်နိုကြပါစေ။

လွန်းထားထား ။

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics