Showing posts with label လုံးချင်းဝတ္ထုသစ်မိတ်ဆက်. Show all posts
Showing posts with label လုံးချင်းဝတ္ထုသစ်မိတ်ဆက်. Show all posts

"အကျွမ်းတဝင်"

လူတချို့က ရယူဖို့အတွက်

မျှော်လင့်မက်မောကြတယ်။

တချို့ကတော့ ပေးဆပ်ခြင်းမှာ

နှစ်လိုမွေ့လျော်တတ်ကြတယ်။

ရယူတတ်သူတွေက

ဘဝမှာ တစ်ကြိမ်သာ

ရှင်သန်ခွင့်ရှိတတ်ပေမယ့်

ပေးဆပ်တတ်သူတွေကတော့

ဘယ်တော့မှ မသေဆုံးတဲ့နည်းနဲ့

အကြိမ်ကြိမ်ရှင်သန်ခွင့်ရှိတတ်စမြဲပါ ။

"အကျွမ်းတဝင်"
လွန်းထားထား(ဆေးတက္ကသိုလ်)

ရင်ဘတ်ထဲကနေခွဲထွက်လာတဲ့လိပ်ပြာ





နိုဝင်ဘာလရဲ့  ပထမပတ်မှာ ထွက်ပါမယ်။
"ရင်ဘတ်ထဲကနေခွဲထွက်လာတဲ့လိပ်ပြာ"
လူတစ်ယောက်ကို တကယ်ချစ်မိလာတဲ့အခါ
နိုးထရသော မနက်ခင်းတိုင်းကလည်း
မျှော်လင့်ချက်များစွာဖြင့်
ရှင်သန်မှုအတိပြီးလျက်
အိပ်စက်ရသော ညများစွာတို့ ကလည်း
လှပသောအိပ်မက်များစွာဖြင့်
အဓိပ္ပါယ်ပြီးပြည့်စုံလျက်....
လွန်းထားထား(ဆေးတက္ကသိုလ်)

" အမုန်းရဲ့ တခြားမျက်နှာတစ်ဖက်"



လူတစ်ယောက်ရဲ့ ရင်ဘတ်တစ်စုံဟာ

စို်က်ခင်းဥယျာဉ်မြေကွက်ကြီးတစ်ကွက်နဲ့ တူတယ်။

ဒီရင်ဘတ်မှာ

သိပ်လှပမွှေးထုံတဲ့

ကြင်နာမြတ်နိုးခြင်းပန်းပွင့်တွေ

အလေးအနက်ဂရုတစိုက်တန်ဖိုးထားခြင်းဆိုတဲ့

အရိပ်ရပန်းပင်တွေ

စိမ်းစိုဖားဝေအောင်လည်း

စိုက်ပျိုးချင်တိုင်းစိုက်ပျိုးခွင့်ရှိသလို

အရုပ်ဆိုး အကျည်းတန်တဲ့

မာယာဆူးပန်းပင်တွေ

ဟန်ဆောင်ခြင်းပရိယာယ်တွေပါတဲ့

အဆိပ်ပန်းပင်တွေစိုက်မယ်ဆိုလည်း

သင့်သဘောပါပဲ ။

သေချာတာကတော့

ကိုယ်စိုက်ပျိုးတဲ့ပန်းပင်ဟာ

ကိုယ့်ရင်ဘတ်ကို

တန်ပြန်အကျိုးသက်ရောက်တတ်တယ် ဆိုတာပါပဲ ။"

" အမုန်းရဲ့ တခြားမျက်နှာတစ်ဖက်"


 လွန်းထားထား(ဆေးတက္ကသိုလ်)

ပါးပြင်နုနုရဲ့  အကြွေး..

ဇူလိုင်လ နောက်ဆုံးပတ်မှာ ထွက်မယ့် စာအုပ်အသစ်ကလေး..

'' ပါးပြင်နုနုရဲ့  အကြွေး..''
 

လွန်းထားထား(ဆေးတက္ကသိုလ်)

ချိုမြိန်သော လက်စားချေခြင်း



ဇွန်လ ၈ ရက်နေ့ မွေးနေ့ အမှီ ထုတ်ဝေမယ့် စာအုပ်အသစ်ကလေးပါ ၊၊

" ချိုမြိန်သော လက်စားချေခြင်း " တဲ့။

တစ်ခါတစ်ရံမှာ တိတ်ဆိတ်လွန်းတဲ့ နှုတ်ဆိတ်ငြိမ်သက်နေလိုက်ခြင်းက ...

စကားလုံးပေါင်းရာထောင်ချီပစ်လွှတ်နေတဲ့ လကိနက်တွေထက် အဆပေါင်းများစွာ

ထိရောက်စေတယ်လို့  ကျွန်မထင်ပါတယ်။

လွန်းထားထား (ဆေးတက္ကသိုလ်)

ရင်ချင်းဆက်သူငယ်ချင်း လုံးချင်းဝတ္ထုသစ်


2014 ဧပြီလ နောက်ဆုံးပါတ်လောက်ထွက်ပါမယ်ရှင်

 သူငယ်ချင်းရေ
ငါ....ငိုတဲ့အခါ
ငါ့မျက်ရည်ကို
သုတ်ပေးတာ နင်ပါ....
နင်သာ....ပုခုံးကလေးထိုးပေးတာ...
ငါ...အထီးကျန်တော့...
အဖော်လုပ်ပေးတတ်သူ....
ငါ....လမ်းပျောက်တော့....
နင်သာ...လမ်းပြကြယ်ကလေး....
ငါ့ရင်တွေအေးစက်ခြောက်သွေ့တိုင်း....
နင့်စကားတွေနဲ့ နွေးထွေးအသက်ဝင်စေသူ...
နင်ဘယ်သူလဲလို့ ငါကမေးတဲ့အခါ....
နင်အမြဲပြန်ဖြေတတ်တာ....
"သူငယ်ချင်းပါ"....တဲ့.....
 လွန်းထားထား(ဆေးတက္ကသိုလ်)

Happy Valentine's Day 2014





"အချစ်ဦးဆိုတာ အသက်ရှင်နေသ၍ ရင်ဘတ်ထဲမှာ

အမြဲလှုပ်ရှားသက်ဝင်နေမယ့် သံစဉ်လေးတစ်ခု......"

ချစ်တတ်သူတိုင်းအတွက် နေ့ ရက်တိုင်းရင်ခုန်ပျော်ရွှင်ဖွယ်

ချစ်သူများနေ့ ဖြစ်ပါစေနော်။

 လွန်းထားထား(ဆေးတက္ကသိုလ်)

မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏


၂၀၁၄ ရဲ့  ပထမဆုံး စာမျက်နှာကို '' မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏ ''..ဒီလထုတ်စာအုပ်အသစ်ကလေးနဲ့  ဖွင့်လိုက်ပါတယ်.။

  လွန်းထားထား(ဆေးတက္ကသိုလ်)

နှလုံးသားရှိရာဆီသို့ မျက်နှာမူ၍


ချိုချိုမြမြ ဒီဇင်ဘာမှာ မြန်မာပြည်ပြန်ပြီး တရားဓမ္မရိပ်..မိဘရင်ခွင်ရိပ်မှာ

အေးချမ်းစွာ ခိုလှုံနှိုင်ဖို့ အတွက် ဒီလ စာအုပ်အသစ်ကလေး စောစောထွက်ဖြစ်ပါတယ်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)

"နှလုံးသားပေါ်မှာ တံဆိပ်ခပ်နှိပ်ထားတဲ့ ကောင်မလေး"


နိုဝင်ဘာလ ၄ရက်နေ့  ထွက်ပါမယ်ရှင်။

ငါ့ရင်ဘတ်ထဲမှာ "နင်" ဆိုတဲ့
တံဆိပ်ကို အပြီးခတ်နှိပ်ထားခဲ့သလို
နင့်ရဲ့ ရင်ခွင်ဆီမှာလည်း
"ငါ" ဆိုတဲ့ တံဆိပ်တစ်ခု 
စွဲမြဲနေခဲ့ပြီးသားပါ။
 


 လွန်းထားထား(ဆေးတက္ကသိုလ်)

စာအုပ်အသစ်ကလေး ဒီနေ့ ထွက်ပါတယ်။


ချစ်လွန်းတော့ လည်း ရူးတယ်ထင်


'' ချစ်လွန်းတော့ လည်း ရူးတယ်ထင်..''

အချစ်ကြီးမိသော မိန်းမတွေဟာ..

ဘဝမှာ တစ်ခါတစ်ရံတော့ ..

ရက်စက်မိတတ်ကြသည်မဟုတ်လား..

ကျွန်မ..

အချစ်ကြီးမိပြီဆိုပါစို့ ..။

(ဒီလထွက်မယ့်  စာအုပ်အသစ်ကလေးပါ..။ အချစ်ကြီးတတ်တဲ့  မိန်းကလေးတစ်ယောက်ရဲ့  ခပ်မိုက်မိုက်အပြင်းစားဇာတ်လမ်းလေးပါ။)
 

လွန်းထားထား(ဆေးတက္ကသိုလ်)

'သူ့ရင်ဘတ်ရဲ့ ဘယ်ဘက်တစ်နေရာတွင် သူမ..နေထိုင်သည်..''



အချစ်ကို နားမလည်နှိုင်သေးခင်ကတော့ 
အချစ်ဆိုတာ
ကိုယ်စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်
သူတပါးကို ချစ်တာလို့ ထင်ခဲ့ တယ်။
အချစ်ကို နားလည်လာချိန်ကျတော့ 
အချစ်ဆိုတာ
ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်
ကိုယ့် ဘဝကို ပေးဆပ်ပြီးသားဖြစ်နေနှင့်ပြီ...။
ဇူလိုင်လ ပထမပတ်မှာ ဖြန့်ချိမယ့်  စာအုပ်အသစ်ကလေးပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

Happy Father's Day 2013




အဖေ....

သူငယ်ချင်းတစ်ယောက်လိုလည်း ရင်ဖွင့်ခွင့်ပေးတတ်တယ်။

စစ်သူကြီးတစ်ယောက်လိုလည်း ရန်တွေကိုကာကွယ်ပေးတတ်တယ်။

စာဖတ်သူတစ်ယောက်လိုလည်း သမီးမျက်နှာကိုအသေးစိတ်ဖတ်တတ်တယ်။

နားထောင်သူတစ်ယောက်လိုလည်း သမီးပြောသမျှ နားထောင်ပေးတတ်တယ်။

အဘိဓါန်ကြီးတစ်အုပ်လိုလည်း သမီးသိချင်သမျှ ရှာဖွေပေးတတ်တယ်။

လူရွှင်တော်တစ်ယောက်လိုလည်း သမီးရယ်မောအောင်ပြောတတ်တယ်။

အဖေ...လို့ တလိုက်မိတိုင်း မရောက်ရောက်အောင် သမီးရှေ့ ရောက်လာတတ်တယ်။

ရောက်လာတိုင်းလည်း လုံခြုံနွေးထွေးပြီးပြည့်စုံသွားတတ်တယ်။

ဘယ်သူတွေဘယ်လောက်ကောင်းကောင်း အဖေ့ကိုပဲ သမီးအမြဲချစ်တယ် အဖေ...။
လွန်းထားထား(ဆေးတက္ကသိုလ်)

လျှပ်နွယ်ကဲ့သို့ ပြိုးပြက်သော...


"ဘဝဆိုတာ အလွယ်တကူအရှုံးပေးဖို့ မှမဟုတ်တာ...

ပျော်ပျော်ပါးပါးဥာဏ်ကစားပြီး တိုက်ပွဲဝင်ရမှ...

အဓိပ္ပါယ်ရှိတော့မပေါ့နော်..."

" လျှပ်နွယ်ကဲ့သို့ ပြိုးပြက်သော..."
တံခွန်တိုင်စာပေ တိုက်မှ ၂၇.၅.၂၀၁၃ နေ. တွင်တစ်ပြည်လုံးသို.ဖြန့်ချီပါမည်။
လွန်းထားထား(ဆေးတက္ကသိုလ်)

ခြေသံများနှင့် ချစ်ခြင်း လုံးချင်းဝတ္ထုသစ်



''ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးလာမယ့်  မြန်မာနှစ်ဆန်းမှာ ထုတ်ဝေဖြန့်ချိဖို့ 

အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့  စာအုပ်အသစ်ကလေး...''

ဧပြီလ 19 ရက်နေ့ ဖြန့်ချိပါမယ်ရှင်..။
  လွန်းထားထား(ဆေးတက္ကသိုလ်)

တိုင်တည်သစ္စာတည်သောအခါဝယ်




ဒီကမ္ဘာမြေပေါ်မှာ
ကျွန်မနေခွင့်ရသမျှ နေလိုက်ရတာဟာ
ကျွန်မအတွက် အမြတ်ပဲပေါ့
ချစ်သူနဲ့ချစ်ခွင့်ရလိုက်တာကလည်း
ကျွန်မအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုပဲပေါ့
နောင်ဘ၀ရှိခဲ့ရင်လည်း
ဒီချစ်သူနဲ့ပဲ ဆက်ချစ်ခွင့် ပေါင်းဆုံခွင့် ရပါရစေ
ချစ်သူရယ်......

 လွန်းထားထား(ဆေးတက္ကသိုလ်)

မျက်ရည်တစ်ပွင့်ရဲ့ တိုးဖွညင်သာသော


'' ဒီစာအုပ်လေးက လွန်ခဲ့ တဲ့ နှစ်နှစ်ကျော်လောက်က ရေးထားတာပါ.။

အကြောင်းအမျိုးမျိုးကြောင့် ခုမှထုတ်ဝေဖြစ်တာပါ.။

ဒါရိုက်တာ ဝိုင်းက ရိုက်ကူးအသက်သွင်းပေးပါမယ်.။

စာအုပ်လေးကို မနက်ဖြန် ဖြန့်ချိပါမယ်..။''

 လွန်းထားထား(ဆေးတက္ကသိုလ်)

နှလုံးသားရဲ့  password




'' ၁၉.၁၁.၁၂ နေ့ ဖြန့်ချိမယ့်  စာအုပ်အသစ်ကလေးပါ..''



'' လူတစ်ယောက်ရဲ့  နှလုံးသားကို ဖွင့်နှိုင်ဖို့ ဆိုတာ..
နှလုံးသားချင်းသာ နားလည်နှိုင်တဲ့ 

နှလုံးသားရဲ့  password ကို သိထားမှ..''


လွန်းထားထား(ဆေးတက္ကသိုလ်)

အချစ်က သင့်အားပြုစားခဲ့ သော်...


'' အချစ်က သင့်အားပြုစားခဲ့ သော်...''


သူမအတွက်တော့  


အချစ်က မျက်လှည့် တစ်ခုနှင့် တူသည်..။


ပဉ္စလက်ဆန်သည်...။


အံ့ဩနွေးထွေးမှုကိုပေးသည်..။


စိတ်ကိုဖြားယောင်းလွန်းသည်..။


မဖြစ်နှိုင်ဘူးလို့ ထင်ထားသောအရာတစ်ခုကို..


တကယ်ဖြစ်လာအောင်လည်း ဖန်တီးနှိုင်စွမ်းရှိသည်..။


ပြီးတော့ ..

အချစ်က ပြုစားတတ်ပြန်သည်..။

 လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics