Showing posts with label အတွေးစာစု. Show all posts
Showing posts with label အတွေးစာစု. Show all posts

Happy Mothers' Day 2014


အမေ...

ထူးခြားတဲ့ တရားတစ်ပုဒ် ကြားနာရတိုင်း

ပထမဆုံးမျှဝေမိတာ အမေ ။

အေးချမ်းတဲ့တရားရိပ်မှာ ခိုဝင်မိတိုင်း

ထူးမြတ်တရားရစေချင်မိတာ အမေ ။

အရသာထူးကဲ အစားတစ်လုပ်စားမိတိုင်းမှာ

ကျွေးမွေးပြုစုချင်မိတာ အမေ။

ပျော်ရွှင်စရာ သုခချမ်းသာ၊ ရင်မောစရာသောကအချို့ ကို

ထပ်တူခံစားမျှဝေပေးတတ်တာ အမေ။

အမေဟာ ပြာလဲ့ကျယ်ဝန်းတဲ့ ကောင်းကင်ကြီးတစ်ခု။

အမေဟာ ကြည်လင်ငြိမ်းအေးတဲ့ စမ်းချောင်းကလေးတစ်ခု။

အမေဟာ သစ်ဝါးရိပ်နဲ့ စိမ်းစိုအေးချမ်းတဲ့တောအုပ်ကလေးတစ်ခု။

အမေဟာ ထူးမြတ်လှတဲ့တရားတစ်ပုဒ် ။

အမေဟာ မေတ္တာရဲ့ အထိမ်းအမှတ်တစ်ခုမို့ ...

သမီးတိုင်းရဲ့ ရင်မှာ ထာဝရအမေများနေ့ ပါ ၊၊

ကျွန်မချစ်သောကျွန်မရဲ့ မိခင်နဲ တကွ မိခင်များအားလုံး အမြဲထာဝရငြိမ်းချမ်းပျော်ရွှင်နိုကြပါစေ။

လွန်းထားထား ။

အတွေးစာစု (၉၂)

လောကဓံကို မတုန်မလှုပ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့သူဆိုတာ ကံကြမ္မာက

အမြင့်ကနေ ပစ်ချလိုက်ရင်တောင် လေထဲမှာ ပျံဝဲနိုင်ဖို့  သင်ယူတတ်သူမျိုးပါ။
 

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၉၁)



ကိုယ့်ရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့် သူတစ်းပါးကို မထိခိုက်မနာကျင်စေသင့်သလို

သူတစ်ပါးရဲ့  စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် မနာကျင်မထိခိုက်စေချင်ပါ၊၊


 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၉၀)



အမှောင်ဆုံးအချိန်နဲ့ ရင်ဆိုင်နေရချိန်မှာ စိတ်ဓာတ်တွေကို အဆုံးရှုံးမခံလိုက်ပါနဲ့ ၊

သိပ်မကြာခင်မှာ ရောက်လာမယ့် အလင်းရောင်ကိုခံစားပျော်ရွှ့င်အောင်ပွဲခံဖို့ 
သိမ်းဆည်းထားလိုက်ပါ ။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၉)



တစ်နာရီ စိတ်ကောက်စိတ်ဆိုးမိရင်

တစ်နေ့ တာရဲ့ ပျော်ရွှ့င်ချိန်တွေထဲက တစ်နာရီစာ ဆုံးရှုံးလိုက်ရမယ်။

တစ်နာရီ စိတ်ဓါတ်ကျတွေဝေအားငယ်မိရင်

တစ်နေ့ တာရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေထဲက တစ်နာရီစာဖဲ့ပေးလိုက်ရမယ်။

တစ်နာရီ စိတ်ထက်ထက်သန်သန်နဲ့ အလုပ်ကြိုးစားမိရင်

သူများထက်တစ်နာရီစာ ခရီးရောက်နှင့်နေလိမ့်မယ်...။


 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၈)





စကားတွေ တရစပ် ကိုယ်ချည်းဇွတ်ပြောတတ်သူထက်

သူတစ်ပါးကို စကားပြောခွင့်ပေးတတ်ပြီး နားထောင်ပေးတတ်သူက

ပိုပြီးလေးစားစရာကောင်းပါတယ်။


 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၇)


အမှန်တရားက အမှောင်ထဲကနေ ထွက်မလာနိုင်သေးခင်မှာ

မတရားမှုက မီးရောင်ထဲဝင်ပြီး ကခုန်နေလေရဲ့ ...။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၆)



လူနှစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိတဲ့အခါ

ကိုယ်ကစပြီး ပြုံးပြဖို့ ကို မတွန့် ဆုတ်ပါနဲ့ ၊

ဒီအပြုံးလေးက အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို

ကိုယ့်ဘဝထဲ ဖိတ်ခေါ်နိုင်စွမ်းရှိတတ်လို့ ပါ။

ဘဝရဲ့ ပထမဆုံးခြေလှမ်းတစ်လှမ်းကို

စပြီးလှမ်းဖို့  မတွေဝေမိပါနဲ့ ၊

ဒီခြေလှမ်းလေးက အမြင့်မားဆုံးအောင်မြင်မှုတစ်ခုဆီ

ကိုယ့်ကိုဆွဲခေါ်နိုင်စွမ်းရှိတတ်လို့ ပါ၊၊


လွန်းထားထား (ဆေးတက္ကသိုလ်)

အတွေးစာစု (၈၅)



စကားလုံးတွေရဲ့ အသွားက ထက်ရှလွန်းတတ်ပါတယ်။

စကားတစ်ခွန်းမပြောခင်မှာ ကိုယ်ပြောမယ့်စကားက

တစ်ဖက်သားရဲ့ နှလုံးသားနဲ့ စိတ်ကို နာကျင်ပြတ်ရှ ဒဏ်ရာရနိုင်သလား

ဆိုတာလေးရယ်...

ဒီစကားတစ်ခွန်းက ပြောပြီးရင် ကိုယ့်တိုင်လည်း နောင်တကင်းကင်းနဲ့ 

လိပ်ပြာသန့် နိုင်မလား ဆိုတာလေးကို

အရင်တွေးလိုက်မိရင်...

ဘဝမှာ နောင်တရစရာတွေ တော်တော်ကင်းသွားမှာပါနော်။

  လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၄)


အရာရာကို ဆုံးရှုံးလိုက်ရတယ်ဆိုရင်တောင်

မျှော်လင့်ခြင်းဆိုတာကို ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်။

အားလုံးကို ရှုံးနိမ့်လိုက်ရတယ်ဆိုရင်တောင်

ကြိုးစားအားထုတ်ခြင်းဆိုတဲ့ အရင်းအနှီးတော့

ကိုယ်ပိုင်ဆိုင်ပါသေးတယ်။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၃)



ပကတိရိုးသားဖြူစင်ပွင့်လင်းမှုဟာ...

လူမှုဆက်ဆံရေးမှာ အင်အားအရှိဆုံး ဆွဲဆောင်မှုတစ်ခုပါ ၊၊

  လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၂)


ဘယ်သူကမှ မယုံကြည်နိုင်ဘူးဆိုရင်တောင်

ကိုယ်ကိုယ်ကိုယ်တော့ ယုံကြည်ရလိမ့်မယ်။

ဘယ်သူကမှ မလေးစားနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ လေးစားရလိမ့်မယ်။

ဘယ်သူကမှ တန်ဖိုးမထားနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားရလိမ့်မယ်။

ဘယ်သူကမှ မထူမတ်ပေးနိုင်ဘူးဆိုရင်တောင်

ကိုယ့်ကိုယ်ကိုယ်တော့ပြန်ထူမတ်နိုင်ရလိမ့်မယ်။

 လွန်းထားထား(ဆေးတက္ကသိုလ်)

Recipe For Love...



အသက်နှစ်ဆယ့်ငါးအရွယ် ဂန္ထဝင်ဆန်သော အလှပိုင်ရှင်

မိန်းကလေးတစ်ယောက်ကို ရွေးခြယ်ပါ ၊၊

လက်ဘက်ရည်ဇွန်း တစ်ဇွန်းစာ အကြည့်ပွင့်တို့ နှင့်

ချိုမြသောအပြုံးပွင့်တို့ ပေါင်းထည့်ပါ၊၊

စားပွဲတင်ဇွန်း နှစ်ဇွန်းစာ ရင်ခုန်တိမ်းညွတ် စိတ်လှုပ်ရှားဖွယ် စကားတချို့ 

နှင့် ဂရုစိုက်နွေးထွေးကြင်နာခြင်းများ ပေါင်းစပ်ပါ၊၊

ခပ်ကြီးကြီး ဆုံးဖြတ်ချက်တစ်ခု

ပူနွေးလှိုက်မောသော ရင်ခုန်သံကို ဖြည့်စွက်ပါ၊၊

လက်တစ်ဆုပ်စာ အမှတ်တရဖြစ်စဉ်ကလေးများ

အနမ်းတစ်ပွင့် ...(ဖြစ်နိုင်လျှင် ဆန္ဓရှိလျှင် ပိုထည့်ပါ)

ထို့ နောက် တောက်ပသည့် မနာလိုသဝန်တိုမှုပွင့်မှုန်ကလေးများဖြူးပါ၊၊

ပြီးလျှင် မျှော်လင့်ချက်တချို့ ထဲမှာ ညင်ညင်သာသာ ထည့်၍လိပ်ပါ။

ခပ်မောက်မောက် ဇွန်းငါးဇွန်းစာ ရယ်မောပျော်ရွှင်ခြင်းများထည့်ပြီးသောအခါ

ရင်ခုန်စိတ်လှုပ်ရှားမှုဖြင့် ထပ်၍လိပ်ပတ်ပါ၊၊

ပြီးလျှင် ထိုပါဝင်စ္စည်းချားအားလုံးကို အတူတူရောနှောပြီး

ရက်ပေါင်း၃၆၅ရက်ကြာအောင် ဖုတ်ပေးပါ ၊၊

လှပသင်းပျံ့ သည့် အချစ်တစ်ခု ရလာပါလိမ့်မည် ။

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၁)


အရှုံးမပေးခြင်းဆိုတဲ့လက်တွေဟာ...

အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို

မြဲမြံစွာ ဆုပ်ကိုင်ခွင့်ရှိတယ်....။

  လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၃)


ပကတိရိုးသားဖြူစင်ပွင့်လင်းမှုဟာ...

လူမှုဆက်ဆံရေးမှာ အင်အားအရှိဆုံး ဆွဲဆောင်မှုတစ်ခုပါ ၊၊
 

လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၈၀)




သူတစ်ပါးရဲ့ စကားတစ်ခွန်းကို အလေးအနက်နားထောင်ပေးလိုက်တာဟာ

သူ့ ကိုကိုယ်ပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်မွန်ပါ....၊၊


  လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၉)

 
လူနှစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိတဲ့အခါ

ကိုယ်ကစပြီး ပြုံးပြဖို့ ကို မတွန့် ဆုတ်ပါနဲ့ ၊

ဒီအပြုံးလေးက အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို

ကိုယ့်ဘဝထဲ ဖိတ်ခေါ်နိုင်စွမ်းရှိတတ်လို့ ပါ။

ဘဝရဲ့ ပထမဆုံးခြေလှမ်းတစ်လှမ်းကို

စပြီးလှမ်းဖို့  မတွေဝေမိပါနဲ့ ၊

ဒီခြေလှမ်းလေးက အမြင့်မားဆုံးအောင်မြင်မှုတစ်ခုဆီ

ကိုယ့်ကိုဆွဲခေါ်နှိုင်စွမ်းရှိတတ်လို့ ပါ၊၊
လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၈)



အမျက်ဆိုတာ အချစ်ကြောင့်ဖြစ်ရတာ

အချစ်နဲ့ အမျက်ဟာ ထပ်တူအချိုးကျတယ်လို့ 

ကျွန်မကတော့လုံးဝဥဿုံ ခံယူထားပြီးသား ။

ဘဝမှာ ကိုယ်ချစ်တဲ့သူရဲ့  နှလုံးသားရော စိတ်ဝိဥာဉ်တစ်ခုလုံးမပြောနဲ့ 

အကြည့်တစ်ချက်.. အတွေးတစ်စ.. အပြုံးတစ်ပွင့်ကလေးမျှတောင်

ကျွန်မကလွဲပြီး တစ်ပါးသူနဲ့  မျှဝေမပေးနိုင်လောက်အောင်ကို

ကျွန်မက လောဘကြီးသူ ဝန်တိုစေးနှဲလွန်းသူ အချစ်ကြီးသူ ဖြစ်ခဲ့ရတာ...

တကယ်တော့ချစ်သူဆိုတာ...

ကျွန်မဘဝရဲ့ အရာအားလုံးပါပဲ...။
 

— at ချစ်လွန်းတော့လည်း ရူးတယ်ထင် မှ.

  လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၇)



နင့်ကိုငါ သိပ်ချစ်ခဲ့ဖူးတယ်။

ဒါပေမယ့် နင်ဟာ ငါ့ရဲ့ ချစ်တွေနဲ့  မထိုက်တန်ပါလားလို့  သိလာတဲ့အခါမှာ

ငါ့ကိုယ်ငါ ဒဏ်ရာမရအောင် အားပေးနှစ်သိမ့်ရတယ်။

စိတ်ဓါတ်တွေကြံ့ခိုင်ရင့်သန်အောင် အားထုတ်ရတယ်။

လူတိုင်းဟာ အချစ်စစ် ..သစ္စာတရားနဲ့  မထိုက်တန်ပါလားလို့ 

ငါသိလိုက်ရတဲ့နောက်မှာ...

ငါ့ကိုယ်ငါပဲ ချစ်တတ်ဖို့ ၊ သစ္စာရှိဖို့  သင်ယူတတ်မြောက်ခဲ့ရတယ်။

(ချစ်လွန်းတော့လည်း ရူးတယ်ထင်...မှ)

 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၇၆)

 
 
အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် ဘက်တူညီမျှရမယ်။

ဒါမှ သက်တမ်းရှည်မယ်။

အချစ်မှာ တကိုယ်ကောင်းမဆန်ရဘူး။

သူ့ ဖက်ကို အမြဲငဲ့ကြည့်ဖို့ လိုတယ်။

ကိုယ်တစ်ယောက်တည်း ရှေ့ ကနေပြေးနိုင်တိုင်း

စွတ်ပြေးနေလို့ မရဘူး။

စောင့်ခေါ်နိုင်ရမယ်။

အဲဒါမှမဟုတ်ရင်

တစ်ယောက်က ကျန်ခဲ့မှာပဲ၊၊

လက်တွဲညီညီထားပြီး

နံဘေးချင်းကပ်ထားနိုင်မယ့် ဟာမိုနီမျိုးရှိမှ

အချစ်က ခိုင်မြဲတာပါ...၊၊

(ချစ်လွန်းတော့လည်းရူးတယ်ထင် မှ...)
လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics