Showing posts with label နှစ်သစ်နှုတ်ခွန်းဆက်. Show all posts
Showing posts with label နှစ်သစ်နှုတ်ခွန်းဆက်. Show all posts

နှစ်သစ်ဆုတောင်း


မြန်မာနှစ်သစ်မှာ လူသားအားလုံး ဘေးရန်ကင်းကွာ
ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
နှလုံးစိတ်ဝမ်း လန်းဆန်းကြည်လင်အေးမြနိုင်ကြပါစေရှင်။ 

လွန်းထားထား(ဆေးတက္ကသိုလ်)

မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏


၂၀၁၄ ရဲ့  ပထမဆုံး စာမျက်နှာကို '' မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏ ''..ဒီလထုတ်စာအုပ်အသစ်ကလေးနဲ့  ဖွင့်လိုက်ပါတယ်.။

  လွန်းထားထား(ဆေးတက္ကသိုလ်)

နှစ်သစ်ဆုတောင်း (၁၃၇၅)


နှစ်သစ်မှာ လူသားအားလုံး ပူပန်ကြောင့်ကြကင်းစင်စွာ...

ဘေးရန်အပေါင်း ကင်းရှင်းစွာ...

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းအေးမြစွာ ...

ပျော်ရွှင်ချမ်းမြေ့ လိုတရကြပါစေလို့ 

ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်ရှင် ။

  လွန်းထားထား(ဆေးတက္ကသိုလ်)

Happy Birthday .. သမီးလေး



ချစ်မငြီးတဲ့ မေ့မျက်ရှူသမီးလေး မေ.. 
သိတတ်လိမ္မာချစ်ဖွယ်စကားအမြဲဆိုသော..

မေ့မျက်နှာရိပ်ကဲကို ပါးနပ်စွာဖတ်တတ်သော..

ယဉ်ကျေးချိုသာ ကြင်နာတတ်သော..

သူတကာအပေါ် စာနာနားလည်တတ်သော..

မိဘကျေးဇူးအထူးသိတတ်သော..

ချစ်သမီးလေးရဲ့  မွေးနေ့ရက်မြတ်မှသည်..

နောင်နှစ်ပေါင်းများစွာတိုင်..

ရတနာသုံးပါးဦးထိပ်ထားသော..

စိတ်နှလုံးကြည်ရွှင်ကျန်းမာသော..

ဉာဏ်ပညာကြီးမားရဲရင့်ပွဲလည်တင့်သော..

စိတ်ထားမြင့်မြတ်ဖြူစင်သော..

အရာရာကို ထိုးထွင်းနားလည်တတ်သိသော..

သူတထူး၏ ကျေးဇူးကိုသိနားလည်ပြီး တုန့်ပြန်ပေးဆပ်တတ်သော..

ရန်လိုငြူစူခြင်းကင်းရှင်းသော..

အကုသိုလ်အာရုံမှန်သမျှနှင့် ကင်းဝေးသော..

ကျန်းမာချမ်းသာစွာ လိုတရပြီးပြည့် စုံသော..

သူတော်ကောင်းတရားကို ကျင့်ကြံပွါးများအားထုတ်နှိုင်သော..

သူတော်ကောင်းတိုင်းက ချစ်မြတ်နိုးသော..

သမီးကောင်းရတနာကလေးဖြစ်ပါစေကြောင်း..

ဖေနဲ့  မေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်..။

၂၃..၀၆..၂၀၁၂။

'' ဇွန်၈ အမှတ်တရ မှတ်တမ်း...''

'' ဇွန်၈ အမှတ်တရ မှတ်တမ်း...'' 
ဒီနေ့မိုးလေးက တဖွဲဖွဲနဲ့  ချစ်စရာ့နေ့ကလေးပါ..။ ညက ဆယ့် နှစ်နာရီထိုးတာနဲ့  ချစ်မောင်ဆီက မွေးနေ့အနမ်းကလေး ပထမဆုံးရရှိပါတယ်..။ ပြီးတော့  သိပ်ချစ်စရာကောင်းတဲ့  မွေးနေ့ကာဒ့် ကလေးရယ်ပေါ့ ..။ မနက်မိုးလင်းလာတော့ ကျွန်မစွဲလမ်းရတဲ့  မျက်နှာစာအုပ်ကြီးပေါ်မှာ..ကျွန်မကိုချစ်တဲ့ .. ကျွန်မကချစ်တဲ့ ညီအစ်မလေးတွေဆီက..ချစ်စရာ မွေးနေ့ဆုတောင်းလေးတွေနဲ့  ဝေဆာစည်ကားလို့  ပျော်စရာကြီးရယ်..။ ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်..။ လူတွေ အများကြီးဆီက အချစ်တွေ.. ဆုမွန်ကလေးတွေရရှိတာ..ကျွန်မ အရမ်းပျော်ပါတယ်..။ ကျွန်မရဲ့ နေ့ကလေးကို ပြီးပြည့် စုံသွားစေပါတယ်..။ တကယ်တော့  ဇွန် ၈ ရက် ဟာ..ကျွန်မချစ်တဲ့  ကျွန်မမေမေရဲ့ မွေးနေ့လည်း ဖြစ်တာမို့ .. ဒီနေ့တိုင်းမှာ အိမ်မှာ ဘုန်းဘုန်းတွေပင့် ပြီး ဆွမ်းအမြဲကျွေးလေ့ရှိပါတယ်..။ ဒီနေ့ အိမ်မှာ လယ်တီကျောင်းက ဘုန်းဘုန်း ငါးပါးပင့်ပြီး '' ရွှေဘဲ restaurant'' က ဟင်းလျာတွေ အစုံမှာပြီး ဆွမ်းကပ်ပါတယ်..။ ဒီနေ့ပဲ ထူးထူးခြားခြားရောက်လာတဲ့  ပါဆယ်ထုပ်ကလေးက ကျွန်မရဲ့ မွေးနေ့လေးကို ပိုပြီးမင်္ဂလာအပေါင်းနဲ့ပြည့် .စုံသွားစေပါတယ်..။ ဆရာတော်အရှင်ဆန္ဒာဓိက ဆီကပို့ ပေးလိုက်တဲ့  ဓမ္မစာအုပ်ကလေးတွေ ရောက်လာလို့  ပါ..။ ဘုန်းဘုန်းရဲ့  မွေးနေ့လက်ဆောင်ကလေးပါ..။ ကျွန်မရဲ့ အမှတ်တရ ပျော်ရွှင်စရာနေ့ကလေးကို ပိုပြီးလှပသက်ဝင်လာအောင် ဝိုင်းပြီးဆုမွန်တောင်းပေးကြတဲ့  ညီအစ်မတွေ..အကို. မောင်တွေကို .. ကျေးဇူးအရမ်းတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်..။ မနက်ဖန်တော့  ဝိဝေကာရာမကျောင်းမှာ ဘုန်းဘုန်းကို ဆွမ်းသွားကပ်မှာမို့  ဒီနေ့ဟင်းတွေချက်ပါတော့ မယ်..။ ခင်မင်နီးစပ်ရာ မိတ်ဆွေအနည်းငယ်ဖိတ်ပြီး ဒန်ပေါက်ကျွေးမှာပါ..။ ညနေကျရင်တော့  ချစ်သော မောင်နဲ့  ချစ်သမီးလေးနဲ့  အတူ ဆိုင်တစ်ဆိုင်မှာသွားစားပါမယ်..။ 
ချစ်ခင်းများစွာဖြင့်.. 
လွန်းထားထား

 မနေ့က  မွေးနေ့အကြိုကောင်းမှုကုသိုလ်အဖြစ်..မနေ့က ဝိဝေကာရာမ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးဝေယျာဝစ္စကုသိုလ်လုပ်ခဲ့ ပါတယ်..။
ဒီကုသိုလ်ကောင်းမှုကို သူငယ်ချင်းတွေအားလုံး ထပ်တူထပ်မျှ အမျှရကြပါစေရန် အမျှဝေပါတယ်..အမျှ အမျှ.အမျှ..။
ထပ်တူထပ်မျှ အမျှရကြပြီး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ...။
.ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့  ပြည့် စုံနှိုင်ကြပါစေ..လိုတရနိုင်ကြပါစေ..။
လွန်းထားထား(ဆေးတက္ကသိုလ်)

ကျွန်မရဲ့ အုပ်၂၀၀ပြည့်  '' ကိုယ့် ရင်ဘတ်ရဲ့ တခြားအခြမ်း''

ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ကြပါပြီ....

''ချစ်သော ပရိတ်သတ်ကြီးနဲ့ ..သူငယ်ချင်းတို့ ရေ...''

၂၀၁၂ ဇန်နဝါရီရဲ့  ၁၄ရက်နေ့ (စနေနေ့) မှာ..

ကျွန်မရဲ့ အုပ်၂၀၀ပြည့်  '' ကိုယ့် ရင်ဘတ်ရဲ့ တခြားအခြမ်း'' ဆိုတဲ့ စာအုပ်ကလေးကို..

အမှတ်တရလက်ဆောင်အဖြစ် လက်မှတ်ထိုးပေးရင်း..

ရင်းရင်းနှီးနှီး ခင်ခင်မင်မင်..ဆုံတွေ့ရအောင်နော်..။

ဆက်ဆက်လာဖြစ်အောင်လာခဲ့ ကြပါနော်..။

နေရာက..'' ရွှေလက်ဆောင်စာပေ''..
၃၂လမ်း..(Traders' Hotelနဲ.ကျောချင်းကပ်'')

အချိန်က..နေ့လည်..၂နာရီမှ၎နာရီအထိ..

 လွန်းထားထား(ဆေးတက္ကသိုလ်)

မင်္ဂလာနှစ်သစ် ၁၃၇၄...

ယနေ့နှစ်ဆန်းတစ်ရက်နေ့မှစ၍..

စိတ်အညစ်အကြေးမှန်သမျှ သန့်စင်ဆေးကြောပြီးသော..

သစ်လွင်ကြည်လင်အေးမြငြိမ်းချမ်းသော..နှစ်သစ်ဖြစ်ပါစေ..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

မင်္ဂလာနှစ်သစ်ဆုတောင်း


မြန်မာနှစ်သစ် ခါသမယမှာ..

လူသားအားလုံး ကျန်းမာချမ်းသာစွာနဲ့ ..

ဘေးရန်ကင်းလို့  ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

ကောင်းကျိုးလိုအင်များပြည့် ဝကြလို့ လိုတရကြပါစေနော်..။
လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်ပရိသတ်အတွက် နှစ်သစ်ဆုတောင်း


''၂၀၁၁'' ဆိုတဲ့ စာအုပ်တစ်အုပ် မကြာခင်မှာပြီးဆုံးပါတော့ မယ်..။

ပျော်ရွှင်ခြင်းစာမျက်နှာတွေ..အောင်မြင်ခြင်းစာမျက်နှာတွေ..

ဝမ်းနည်းခြင်းစာမျက်နှာအနည်းငယ်..

ဟိုတစ်စ..ဒီတစ်စ..နာကျင်စရာ..ဒေါသစာမျက်နှာတစ်ချို့ ..

ကြည်နူးပီတိစာမျက်နှာများစွာနဲ့ ..

စာမျက်နှာတွေ ပြည့် ခဲ့ ပါပြီ..။
.
မကြာခင်မှာ..

''၂၀၁၂'' ဆိုတဲ့ ဘဝစာအုပ် အသစ်စတင်ရေးရပါတော့ မယ်...။

ဘာမှမရေးရသေးတဲ့  စာမျက်နှာအသစ်ကလေးတွေစောင့်ကြိုလို့ ..

မျှော်လင့်ခြင်းတွေ...ပျော်ရွှင်ခြင်းတွေ..အခွင့်အလမ်းတွေ..

အိပ်မက်တွေ..အားထုတ်မှုတွေအသစ်ကလေးတွေနဲ့ ..

စရေးရမယ့် စာမျက်နှာတိုင်း..ရင်ခုန်ခြင်းများစွာနဲ့ ..

လှပအသက်ဝင်စွာ..ခမ်းနားထည်ဝါရှိကြပါစေလို့ ..

နှစ်သစ်ဆုမွန်ချွေပါသည်ရှင်...။

ချစ်ခြင်းများစွာဖြင့်...

လွန်းထားထား(ဆေးတက္ကသိုလ်)

နှစ်သစ်မင်္ဂလာဆုတောင်း

မြန်မာနှစ်သစ်အခါသမယမှာ...

သဘာဝဘေးရန်တွေလည်းကင်းရှင်းကြပါ
စေ...
လူသားတွေလည်း ပူပန်ကြောင့်ကြ..စိုးရိမ်ခပ်သိမ
်းကင်းငြိမ်းစွာ...
စိတ်ချမ်းသာ..ကိုယ်ကျန်းမာ..ပျေ
ာ်ရွှင်လိုတရကြပါစေ..လို့..ဆုမွန်ခြွေပါတယ်ရှင်..
လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်သောပရိသတ်ကြီးနဲ့မိတ်ဆွေသူငယ်ချင်းများသို့...

ချစ်သောပရိသတ်ကြီးနဲ့  မိတ်ဆွေသူငယ်ချင်းများသို့ နှစ်သစ်ဆုမွန်...
ကုန်လွန်ခဲ့တဲ့ဘဝအမောတွေ အားလုံးကိုမေ့လို့ ... အသစ်ပြန်စမယ့် နှစ်သစ်မှာ... ကံကောင်းခြင်းတွေ... ကျန်းမာချမ်းသာခြင်းတွေ...လိုတရခြင်းတွေနဲ့  ပြည့်စုံနိုင်ကြပါစေနော်...

ချစ်ခြင်းများစွာဖြင့်..။

လွန်းထားထား...
Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics