အချို့ သော ပဟေဠိတွေ..အဖြေရှိပြီးသားပေမယ့်  ဖြေရှင်းဖို့ မလွယ်ကူခဲ့ ဘူး...
အချို့ သော နားလည်ပေးဆပ်မှုတွေ..သိပ်များခဲ့ ပေမယ့်  ..တပါးသူသိဖို့  မလိုခဲ့ ဘူး..
အချို့ သော အချစ်တွေ သိပ်လေးနက် နက်ရှိုင်းလွန်းခဲ့ ပေမယ့်  လူသိရှင်ကြားမဖြစ်ခဲ့ ဘူး..
အချို့ သော လွဲချော်မှုတွေ..သိပ်ရယ်စရာကောင်းခဲ့ ပေမယ့်  ကာယကံရှင်တောင် မသိလိုက်ဘူး..။ လွန်းထားထား(ဆေးတက္ကသိုလ်)
ကျွန်မရဲ့ အုပ်၂၀၀ပြည့်  '' ကိုယ့် ရင်ဘတ်ရဲ့ တခြားအခြမ်း''
![]() |
ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ကြပါပြီ.... |
''ချစ်သော ပရိတ်သတ်ကြီးနဲ့ ..သူငယ်ချင်းတို့ ရေ...''
၂၀၁၂ ဇန်နဝါရီရဲ့  ၁၄ရက်နေ့ (စနေနေ့) မှာ..
ကျွန်မရဲ့ အုပ်၂၀၀ပြည့်  '' ကိုယ့် ရင်ဘတ်ရဲ့ တခြားအခြမ်း'' ဆိုတဲ့ စာအုပ်ကလေးကို..
အမှတ်တရလက်ဆောင်အဖြစ် လက်မှတ်ထိုးပေးရင်း..
ရင်းရင်းနှီးနှီး ခင်ခင်မင်မင်..ဆုံတွေ့ရအောင်နော်..။
ဆက်ဆက်လာဖြစ်အောင်လာခဲ့ ကြပါနော်..။
နေရာက..'' ရွှေလက်ဆောင်စာပေ''..
၃၂လမ်း..(Traders' Hotelနဲ.ကျောချင်းကပ်'')
အချိန်က..နေ့လည်..၂နာရီမှ၎နာရီအထိ.. လွန်းထားထား(ဆေးတက္ကသိုလ်)
အတွေးစာစု(၅၀)
ကိုယ့် အတွေးတွေနဲ့  ကိုယ့် ကိုယ်ကိုယ် ပြန်မနှိပ်စက်ပါနဲ့ ..
ကိုယ့် အတွေးလေးတွေနဲ့  ကိုယ့် ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)
Subscribe to:
Posts (Atom)