အို...မေမေ...
မေ့ရင်သွေးကို
ရင်မှာ လွယ်ပိုး
ကိုးဆယ်လကြာ
မညည်းပါခဲ့
ပီတိမျက်နှာ
ချိုသာလှဘိ...
အို...မေမေ...
ရင်မှဖြစ်သော မေတ္တာနွေးကြောင့်
သွေးက... အရောင်ပြောင်းတဲ့
နို့ချိုအေးနဲ့ အသက်ဆက်ခဲ့...
သမီးလှမျက်နှာ...
ကြည့်မဝပါတဲ့...
အို...မေမေ...
အရိပ်တကြည့်ကြည့်
ပိုးပမာနှယ်...
ယုယပိုက်ထွေး
မျက်ရှုသည်းကို
ချစ်မဝပါတဲ့...
အို...မေမေ...
သမီးရင်ကို
ဖောက်ထွင်းမြင်တတ်
စိတ်ဖတ်သူလည်း ဖြစ်ခဲ့ပါရဲ့...
ပူဆာသမျှ... လိုတရခဲ့....
အို...မေမေ...
မေမေ့ရင်နဲ့... ဟိုးဝေးရာဆီ...
တောင်ပံဖြန့်လွှင့်
ပျံနှင့်ခဲ့သော...
ချစ်သမီးကို
ပြစ်တင်စကား တစ်ခွန်းမဆို...
ပြုံးရယ်မပျက်... နေပြခဲ့လည်း...
မေမေ့ရင်မှာ.... ဟာသောမလပ်..
ထိုကွက်လပ်ကို...
သမီး...
ဘယ်သို့ ဖြည့်မည်နည်း...။
မေ့ရင်သွေးကို
ရင်မှာ လွယ်ပိုး
ကိုးဆယ်လကြာ
မညည်းပါခဲ့
ပီတိမျက်နှာ
ချိုသာလှဘိ...
အို...မေမေ...
ရင်မှဖြစ်သော မေတ္တာနွေးကြောင့်
သွေးက... အရောင်ပြောင်းတဲ့
နို့ချိုအေးနဲ့ အသက်ဆက်ခဲ့...
သမီးလှမျက်နှာ...
ကြည့်မဝပါတဲ့...
အို...မေမေ...
အရိပ်တကြည့်ကြည့်
ပိုးပမာနှယ်...
ယုယပိုက်ထွေး
မျက်ရှုသည်းကို
ချစ်မဝပါတဲ့...
အို...မေမေ...
သမီးရင်ကို
ဖောက်ထွင်းမြင်တတ်
စိတ်ဖတ်သူလည်း ဖြစ်ခဲ့ပါရဲ့...
ပူဆာသမျှ... လိုတရခဲ့....
အို...မေမေ...
မေမေ့ရင်နဲ့... ဟိုးဝေးရာဆီ...
တောင်ပံဖြန့်လွှင့်
ပျံနှင့်ခဲ့သော...
ချစ်သမီးကို
ပြစ်တင်စကား တစ်ခွန်းမဆို...
ပြုံးရယ်မပျက်... နေပြခဲ့လည်း...
မေမေ့ရင်မှာ.... ဟာသောမလပ်..
ထိုကွက်လပ်ကို...
သမီး...
ဘယ်သို့ ဖြည့်မည်နည်း...။
လွန်းထားထား(ဆေးတက္ကသိုလ်)
“နေ့တိုင်း မပြောဖြစ်ပေမယ့်... ရင်ထဲမှာတော့ သိပ်ချစ်တယ်... မေမေ....”
3 comments:
ပါးစပ်ကနေ ချစ်တယ်လို့ တဖွဖွမပြောတတ်ခဲ့ပေမယ့် ချစ်တယ်ဆိုတာ နှလုံးသားထဲမှာ အမြစ်တွယ်ပြီးသားပါ။
ခင်မင်လျက်
သဒ္ဓါ
နှစ်သက်လို့ တေးဆိုခဲ့မိ..
အို..အမေ မေတ္တာဓာတ်က..
သဘင်အတက် ဆေးမစပ်သော်လည်း..
စာစပ်အတက် ထက်လှတယ်လေ..။
အို.. အမေ.. တေးဆိုလို့...
အခါခါ သူ့အပြုံးများ...
ရင်တွင်းအထိ စီးဆင်းလို့..
မေတ္တာဓာတ်များ ပွားများသည့်အလား..။
ဆရာမ လွန်းထားထားရဲ့ စာသားကို သဘောကျလွန်းလို့...
ဒီစာလေး ပြန်ရေးမိပါတယ်..။ အခုလို ဖတ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါတယ်..။ အခုတော့ ဆရာမရဲ့ စာသားတွေ ဖတ်ရင်း မိုးသောက် အလင်းခဲ့ပါပြီ..။
အ မေကိုချစ်တယ်လိုပြောရမှာ မ ပြောဖြစ်ပေမဲ့ စိတ်ထဲမှာ
နေ့တိုင်းပြောနေခဲ့ပါတယ် မေမေရယ်
Post a Comment
ဝေဖန်ချက်လေးတစ်ခုခုပေါ့....