(၂၀၁၀စက်တင်ဘာ၂၀ရက်နေ့မှာထွက်ရှိမယ့်ငါ့ရဲ့လမင်းဘယ်သူဝှက်ထားလဲအသစ်စက်စက်လုံးချင်းဝတ္ထုသစ်မျက်နှာဖုံးပါ)
ငါ့ရဲ့လမင်းဘယ်သူဝှက်ထားလဲ
“ကောင်းကင်မှာ
လမင်းအမြဲမသာနိုင်ဘူးဆိုပေမယ့်
ငါ မော်ဖူးဖို့
အပြေးလိုက်ခဲ့မှာ
ငါ့ကို ရူးပြီလို့ စွပ်စွဲစမ်းပါ
ငါ ရိုးသားစွာပဲ ရူးလိုက်တော့မယ်...
လမင်းရယ်...
ငါ့ရင်ခွင်ထဲ အမြဲသာနေပေးပါ
လွန်းထားထား၊ဆေးတက္ကသိုလ်၊”
(၂၀၁၀ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က ထွက်ရှိခဲ့တဲ့ ဇနီးချောများကွန်ရက် လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်....)
ဇနီးချောများကွန်ရက်
“မိန်းမသားတွေရဲ့
နှလုံးသားဟာ
ခင်ပွန်းသည်တွေရဲ့ အချစ်နဲ့
စပ်ဖျော်ထားတဲ့
ဝိုင်ချိုချိုတစ်ခွက်နဲ့
တူပါတယ်လေ...။
အချစ်အပြင်းများလေလေ
ဝိုင်ချိုချိုရဲ့ ယစ်မူးနိုင်စွမ်း ပြင်းလေလေပေါ့...။
လွန်းထားထား၊ဆေးတက္ကသိုလ်၊”
(၂၀၁၀ခုနှစ် မေလက ထွက်ရှိခဲ့တဲ့ သစ္စာတရားကသိမ်:ပိုက်ထားတဲ့မြို့တော်... လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်)
သစ္စာတရားကသိမ်:ပိုက်ထားတဲ့မြို့တော်
“လောကမှာ
တစ်ယောက်ယောက်ဆီကနေ တစ်ခုခုယူထားပြီးရင်...
တစ်ချိန်ချိန်မှာ
ကိုယ့်ဘက်က ပြန်ပေးရမယ်...
လွန်းထားထား၊ဆေးတက္ကသိုလ်၊”
(၂၀၁၀ခုနှစ်မတ်လကထွက်ရှိခဲ့တဲ့ တစ်ခေတ်ဆန်းနှလုံးအိမ်မှာထိုးထွင်းခဲ့သောTATTO ရာဇဝင် လုံးချင်းဝတ္ထုမျက်နှာဖုံးဖြစ်ပါတယ်)
တစ်ခေတ်ဆန်းနှလုံးအိမ်မှာထိုးထွင်းခဲ့သောTATTO ရာဇဝင်
“မောင်...
တစ်ယောက်ယောက်က
ရှေ့တိုးလာမှ
ကျွန်မတို့နီးရမယ်ဆိုရင်
အဲဒီခြေတစ်လှမ်းကို
မောင်... တိုးလာလိုက်ပါ။
ကျန်တဲ့ခြေလှမ်းတွေအတွက်
ကျွန်မ တာဝန်ယူပါတယ်။
လွန်းထားထား၊ဆေးတက္ကသိုလ်၊”
(၂၀၁၀ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ မုန်းမိမယ် လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်...)
မုန်းမိမယ်
“လူတစ်ယောက်ကို
မုန်းနေရတယ်ဆိုတာ
ကင်ဆာတစ်မျိုး
ကိုယ့်ရင်ထဲ ထည့်မိသလိုပါပဲ...
တစ်နေ့တခြား
အမုန်းဆဲလ်တွေပွားပြီး
ပြန့်လာလေလေ
ခံရလေပါပဲ...။
လွန်းထားထား၊ဆေးတက္ကသိုလ်၊”
(၂၀၀၉ခုနှစ် နိုဝင်ဘာလက ထွက်ရှိခဲ့တဲ့ သစ္စာရှင်းတမ်း လုံးချင်းဝတ္ထု မျက်နှာဖုံး ပါ...)
သစ္စာရှင်းတမ်း
“တစ်ယောက်ယောက်ကို
ပေးဆပ်လိုက်ရတာက
သူ့ဆီကနေ
ရယူလိုက်ရတာထက်
အများကြီး
ပိုပြီးကြီးမြတ်
ဂုဏ်သိက္ခာရှိပါတယ်....
လွန်းထားထား၊ဆေးတက္ကသိုလ်၊ ”
ကျွန်မရဲ့ပရိသတ်ကြီးအနေနဲ့ လုံးချင်းဝတ္ထုတွေကို ဒီမှာ သွားရောက် ဝယ်ယူဖတ်ရှုနိုင်ပါတယ်....
အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိလျှက်...
လွန်းထားထား(ဆေးတက္ကသိုလ်)
7 comments:
သစ္စာရှင်းတမ်းကို ဖတ်ဖူးတယ်မထား။ကောင်းတယ်။
ခုအသစ်တွေလဲ ဖတ်ချင်စရာကြီးပဲ။
ဇနီးချောများကွန်ယက်တဲ့
ခေါင်းစဉ်လေးက ချစ်စရာလေး
မရေ
စာအုပ်တွေနဲ့ ဝေးနေတာကြာပြီ
ခုလို အွန်လိုင်းကနေ ဖတ်ခွင့်ရတာဘဲ ၀မ်းသာနေရတယ်...
စာအုပ်ဒီဇိုင်းတွေက အရောင်စုံပြီး စိတ်ဝင်စားဖို့ ကောင်းတယ်နော်။
ငါ့ကို ရူးပြီလို့ စွပ်စွဲစမ်းပါ
ငါ ရိုးသားစွာပဲ ရူးလိုက်တော့မယ်.
ဒီနေရာလေးက ကိုယ်နဲ့ တိုက်ဆိုင်နေတယ်..
ကျေးဇူးပါ
အစ်မရေ ကျွန်တော်လုပ်ပေးတဲ့ကာဘာတွေ ... ပြန်ကြည့်တော့ လွမ်းစရာ ... နာမည် မပါတာလေးတစ်ခုပဲ
ကောင်းတယ် ... မျက်နှာဖုံးတွေက လွမ်းစရာ
မမထား စာအုပ်တွေနဲ့ အဆက်သွယိပြက်နေတာကြာပြီ ခုမှပဲ ပြန်ဖတ်ရတာလေ မမထား ကစာရေးတာသိပ်တော်တာပဲ အမြဲအားပေးနေပါတယ်
ဆရာမရေ .......... ကျွန်မလဲ သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့အတွက်
မီးလေးရဲ့ ချစ်စရာအကြောင်းတွေ ဖတ်ရတာ သိပ်ကို နှစ်ခြိုက်မိပါတယ်။
Post a Comment
ဝေဖန်ချက်လေးတစ်ခုခုပေါ့....