သမီးလေး၏ဟာသာများ

သမီးလေးက နှစ်နှစ်ကျော်လာပြီဆိုတော့ ဒီအရွယ်ဟာ အင်မတန် သိချင်၊ တတ်ချင်၊ စပ်စုချင်၊ နေရာတကာပါချင်၊ ဘာမဆို ကိုယ်တိုင်လုပ်ချင်တတ်တဲ့ အရွယ်ကလေးပါ။ အတုခိုးလည်း အလွန်မြန်ပြီး သူကလေးရဲ့ အစွမ်းအစတွေကိုလည်း အင်မတန်ပြချင်တဲ့ အရွယ်ကလေးပေါ့။ သူ တစ်ခုခု ထူးထူးခြားခြားစွမ်းဆောင်ပြီးရင် တော်လိုက်တာ ဟု.. သူ့ကိုယ်သူ ပြန်ပြီး ချီးမွမ်းတတ်ပါသေးတယ်။ ရုပ်မြင်သံကြား Channel တစ်ခုကနေ You’ve Been Framed ဆိုပြီး ကလေးတွေရော၊ လူကြီးတွေရော၊ တိရစ္ဆာန်တွေပါမကျန် ကမောက်ကမ လွဲချော်ပြီး ရယ်စရာ အဖြစ်အပျက်လေးတွေကို Video နဲ့ ရိုက်ယူထားပြီး အဲဒီကဏ္ဍကို အကြိုက်ဆုံးပေါ့။ အဲဒီအစီအစဉ် လာနေပြီဆိုလျှင် ဘယ်သူမှ Channel ပြောင်းလို့ မရတော့။ သူ့မျက်လုံးကလည်း TV က နေ မခွာတော့။ သမီးလေးမှာလည်း အလွန်ရယ်စရာကောင်းတဲ့ အလွဲဟာသကလေးတွေ မကြာခဏပဲ ရှိတတ်တာမို့ ကျွန်မက Video ရိုက်ယူထားပြီး You’ve Been Frame ကဏ္ဍကို ပို့ဖို့ စိတ်ကူးမိပါသေးတယ်။
သမီးက မိန်းကလေးပီပီ ကျွန်မကို ကူညီလုပ်ကိုင်ပေးချင်စိတ်ကလေး ရှိတာမို့ အ၀တ်လျှော်စက်ထဲက လျှောပြီးသား အ၀တ်တွေကို အခြောက်ခံစက်ထဲ ပြောင်းထည့်တဲ့တာဝန်ကို သူက… “မီး လုပ်မယ်.. မီး လုပ်မယ်” ဆိုပြီး ကူညီလုပ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ သူဘာသာသူ အခြောက်ခံစက်ကြီးကို ခလုတ်သွားလှည့်လိုက်တော့ Dryer ကြီးက ဝေါခနဲ ထမြည်ရော၊ သမီးကလေး လန့်ပြီး အော်ငိုထွက်ပြေးပါလေရေား သူ ပြေးပုံက ရယ်စရာပေါ့။ ဖင်ကလေးကော့ပြီး ပြေးရုံတင်မကဘူး ပါးစပ်ကပါ Oh! My God ဆိုပြီး အော်သေးတာမို့ ကျွန်မမှာ သူ့ပုံစံလေးကို ကြည့်ပြီး ငိုအားထက်ရယ်အားသန်ရမလို အဲဒီအကြောင်း ပြန်ပြောပြတိုင်းလည်း ခုချိန်အထိရယ်ရဆဲပါ။
အဲဒီလိုပဲ နောက်တစ် ကြိမ်ကျတော့ CD Player ကို သွားဖွင့်တာပါ။ သမီးက  TV, DVD Player တွေအကုန် ဖွင့်တတ်ပါတယ်။ သူ့ဘာ သာသူ ကြိုက်တဲ့အခွေကို စိတ်တိုင်းကျ သွားထည့်ရမှ ကျေနပ်တတ်သူပါ။ အဲဒီနေ့ က CD Player ခလုတ်ကို သွားနှိပ်လိုက်တော့ အထဲမှာ ကျွန်မတို့ ထည့်ထားတာက ဆရာတော် အရှင်နေမိန္ဒြရဲ့ တရားတော်ပါ။ ဘုန်းဘုန်းရဲ့ အသံက ရုတ်တရက် အကျယ်ကြီးထွက်လာတာမို့ သမီးလေးက လန့်ပြီးထွက် ပြေးပါတယ်။ ပြေးတာက ရိုးရိုးပြေးတာ မဟုတ်။ လက် အုပ်ကလေးချီပြီး ထွက်ပြေး တာပါ။ သူ့ပုံစံကလေးကို ကြည့်ပြီး ကျွန်မမှာ ရယ်ရ ပြန်ပါတယ်။ ဘုန်းဘုန်း အသံကြားရင် လက်အုပ်ချီရ မှန်း သူ သိနေတာကလေး ကိုက အံ့သြစရာပါ။
အခုဆို ရင် သမီးလေးက သမ္ဗုဒ္ဓေ ဂါထာကို ကျွန်မ သုံးလေးခါ တိုင်ပေးလိုက်ရုံနဲ့ အစအဆုံး အလွတ် ရွတ်တတ်နေပါပြီ။ ကားပေါ်ရောက်တိုင်းလည်း သူ့ဖေဖေက ပရိတ်ကြီး ၁၁ သုတ် တရားတော်ကို အမြဲ တမ်း ဖွင့်ထားလေ့ ရှိတာမို့ သမီးလေးက အရွယ်နဲ့ မလိုက်အောင် အဲဒီပရိတ် ကြီး ၁၁-သုတ် တရားတော် တွေကိုလည်း ဘုန်းဘုန်းရဲ့ နောက်ကနေ လိုက်ပြီး ရွတ် လေ့ ရှိတတ်ပါတယ်။ သမီးလေးက အစ အနောက်သန်တဲ့ ဗီဇကလေး ကို သူ့အဖေဆီကနေ ရခဲ့တာ ထင်ပါတယ်။ အရွယ်ကလေး နဲ့ မလိုက်အောင်၊ အင်မတန် လည်း အနောက်ပြောင်အကျီ စားသန်တဲ့သူကလေးပါ။တစ်နေ့တော့ ကျွန်မ ဘုရား ခန်းထဲမှာ တရားထိုင်နေတုန်း သူ ပါဝင်လာပြီး…
“မီးလည်း တရားထိုင် မယ်…”
ဆိုပြီး ကျွန်မရဲ့ဘေးမှာ ၀င်ထိုင်ပါတယ်။ ကျွန်မက …
“သမီး… မျက်လုံး လေးတွေ မှိတ်ထား၊ နှာ ခေါင်းကလေးနဲ့ မေမေ အဲဒီလို ရှူသလို အသက်က လေးမှန်မှန် ရှူနော်”
လို့ ကျွန်မက သင်ပေးတော့ သူကလေးက မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ပြုံးစိစိကလေးလုပ်ပြီး နှာ ခေါင်းကနေ တရှူးရှူးမြည် အောင် အသက်ရှူပါတယ်။ ပြီးတော့ ဖင်ကလေးထောင် ပြီး ဦးချလိုက်ချိန်မှာ ဘွတ် ခနဲ အီးပေါက်သံကလေး ထွက်လာတာမို့ ကျွန်မက ရယ်မိပါတယ်။

“ဟယ်… သမီးလေး အီးပေါက်တယ်ကွာ”
လို့ ပြောလိုက်တော့ သမီးက တခစ်ခစ်ရယ်ပြီး နောက်တစ်ကြိမ် ဦးချပြန်ပြီိး ဒီးတစ်ကြိမ်လည်း တမင်ညှစ် ပြီး အီးပေါက်ပြန်ပါရော။ သုံးကြိမ်လုံးလုံး ဖင်ကလေး ထောင်ပြီး ဦးချတိုင်း အီး ပေါက်သံကလေး ထွက်လာ တာဟာ တမင်သက်သက် ဗရုတ်ကျနေတာမို့ ကျွန်မတို့ မှာ မရယ်ဘဲ မနေနိုင်ပါ။ အဲဒါကို ဗီဒီယို ရိုက်ထားဖို့ နောက်တစ်ကြိမ် ပြန်လုပ်ခိုင်း တော့လည်း သူကလေးက တကယ်ပဲ ပြန်လုပ်ပြနိုင်သေး တယ်။

သမီးက တကယ် အံ့သြဖို့ကောင်းပါတယ်။ သူ့ဖေဖေ Nappy လဲပေးနေချိန်ဆို ရင်လည်း တမင်သက်သက် သု့ဖေဖေကို စ ချင်စိတ်နဲ့ ချိန်ပြီး အီးနဲ့ပေါက်ပစ်တတ် ပါတယ်။ ပြီးတော့ သူ့ဖေဖေ ရှုံ့မဲ့ အော်ဟစ်နေတာကို သဘောကျပြီး တခစ်ခစ်နဲ့ ရယ်မောတတ်သူကလေးပါ။ ကျွန်မက သမီးကို…

“သမီး… ဖေဖေ့ကို အဲဒီလို မလုပ်ရဘူးလေ။ အဲဒီ လိုလုပ်ရင် သမီးငရဲကြီးတတ် တယ်။ ငရဲကြီးရင် ဘာဖြစ် လဲသိလား။ ငရဲသားကြီးက ဆီပူအိုးကြီးထဲ ထည့်ပြီးတော့ ကြော်ပစ်မှာ။ အရမ်းပူတယ်။ သိလား”
လို့ ပြောတော့ သမီးက ဘာပြန်ပြောတယ် ထင်သလဲ။

“ငရဲသားကြီး အီ… .အီး” တဲ့လေ။

“အဲဒီလို မပြောရဘူး လေ သမီးရဲ့။ ငရဲသားကြီး စိတ်ဆိုးလိမ့်မယ်”
လို့ ကျွန်မက ဆိုတော့ သူကလေးက ပြုံးစိစိမျက်နှာ ကလေးနဲ့ ချက်ချင်းပဲ ပြောင်း ပြီး ပြောပါတယ်။

“ငရဲသားကြီး I Love You ”
တဲ့လေ။

သမီးလေးက အဲဒီလို ဗရုတ်ကျတတ်သူကလေးပါ။
သမီးက မှန်အရမ်း ကြိုက်တတ်ပါတယ်။ ဧည့် ခန်းထဲမှာ သူ့ဖေဖေက ဧရာမ မှန်ကြီးတစ်ချပ် တပ်ဆင်ပေး ထားတာမို့ အဲဒီမှန်မှာ တစ် ချိန်လုံးကြည့်ပြီး အိုက်တင် တွေ အမျိုးမျိုး လုပ်ရတာ အမောပဲ။ ရယ်စရာရှိရင်၊ ငိုစရာ ရှိရင်တောင် မှန်ကို ကြည့်ပြီး ရယ်တတ်၊ ငိုတတ် သူပါ။ TV ကလာတဲ့ Model တွေလို ခါးကလေးထောက် လမ်းလျှောက်ပြီး ခေါင်းကို ခါခနဲ လှည့်ပြီး Catwalk လျှောက်သလို လျှောက်ပြရ တာလည်း အမောပါ။ သမီး Model လျှောက်ပါဦးလို့ ဆို လိုက်ရင် အချိန်မရွေး ထ လျှောက်ပြတတ်ပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း သေ သေချာချာ အိုက်တင်ထုတ် ပို့(စ်)ပေးပြီး ဓာတ်ပုံအရိုက် ခံတတ်ပါတယ်။ တစ်နေ့ တော့ သမီးက သူ့ဖေဖေက ဆူလိုက်လို့ ငိုပါတယ်။ ငိုနေ တုန်း သူ့ဖေဖေက…

“သမီး မင်းသမီး လုပ် မလား…”လို့လည်း မေး လိုက်ရော ငိုနေရက်တန်း လန်းနဲ့ပဲ…

“မင်းသမီးလုပ်မှာ… မင်းသမီး လုပ်မှာ”
လို့ ထပူဆာတာမို့ ကျွန်မတို့ ရယ်မိကြပါတယ်။

သမီးက သီချင်းတွေလည်း အင်မတန် ကြိုက်ပါ တယ်။ သူ ဘယ်လောက်ပဲ ငိုနေပါစေ သီချင်းဖွင့်ပေး လိုက်ရင် ချက်ချင်းပဲ အငိုတိတ်သွားတတ်သူပါ။ သီချင်းတွေကိုလည်း Rythmအလိုက် အကုန် လိုက်ဆိုတတ်ပါသေးတယ်။
Sound of Music ထဲက သီ ချင်းတွေလည်း လိုက်ဆိုနိုင် သလို Shkeria လိုလည်း ဗိုက်ကို လှန်လှန်ပြီး လှုပ်ခါ ကတတ်ပါသေးတယ်။ တလောကမှ အသစ် ထွက်လာတဲ့ Britney Spears ရဲ့ Gimme More MTVထဲ ကအတိုင်း ဟိုက တိုင်မှာ ပတ်ပြီး ကသလို သူက လည်း တံခါးဘောင်ကို ကိုင်ပြီး ဖင်ကလေးလှုပ် လှုပ်ပြီး ကတတ်ပါတယ်။
ကျွန်မက သမီးကို မြန်မာပြည်က Nursery Rymes သီချင်းကလေးတွေ လည်း ဖွင့်ပြလေ့ရှိတာမို့ အဲဒီအခွေတွေထဲက မင်းသားကြီး တုတ်ပေါရဲ့ ရုက္ခစိုး ဇာတ်လမ်းကိုလည်း သမီးက မှတ်ထားတတ်ပါသေးတယ်။ တစ်နေ့တော့ ကျွန်မရဲ့ Computer ခုံမှာ သမီးက ၀င်ထိုင်နေတာမို့…

“သမီးရယ် ဖယ်ပေး စမ်းပါ၊ မေမေ Computer လုပ်မလို့၊ သမီးလေးက သိပ်နေရာဦးတာပဲ”
လို့လည်း ပြောလိုက် ရော သူ ပြန်ပြောပုံက…

“အောင်မာ… မင်းကများ ငါ့ကို စွပ်စွပ်စွဲစွဲ”
ဆိုပြီး ရုက္ခစိုးအသံနဲ့ အော်လိုက်တာမို့ ကျွန်မမှာ ရယ်လိုက်ရတာ။

သမီးလေး က အဲဒီလိုပဲ လူကြီးတွေရဲ့ စကားတွေကို မှတ်Óဏ်ထဲ မှာ သိမ်းထားတတ်ပြီး အလျဉ်းသင့်ရင် သင့်သလို ပြန်ထုတ်သုံးတတ်တာမို့ သူ စကားအသစ်အဆန်းတစ်ခုခု ပြောလိုက်ရင် စကားလုံးတွေ က ဧရာမအလုံးကြီးတွေမို့ ကျွန်မတို့မိသားစုတွေကြားမှာ ရယ်မောစရာ ဟာသကလေး တွေ ဖြစ်လာတတ်ပါတယ်။
ကျွန်မက မောင့်ကို စိတ်ကောက်ရင် အခန်းတံခါး ကိုပိတ်ပြီး အခန်းအောင်း နေလေ့ရှိပါတယ်။ ဒီတစ်ခါ စိတ်ကောက်တော့ မောင် တံခါးဖွင့်ခိုင်းနေတာကို ဖွင့် မပေးဘဲ အေးအေးဆေးဆေး စာအုပ်ဖတ်နေဆဲမှာ မျှော်လင့် မထားတဲ့ သမီးရဲ့အသံကလေး ထွက်လာပါ။

“အသည်းလေးရယ်.. တံခါးဖွင့်ပေးပါ”တဲ့။

ကျွန်မ ရယ်ချင်သွား တာမို့ တံခါးဆီ လှမ်းကြည့် လိုက်တော့ တံခါးရဲ့ အပေါ်ဘက်မှာ မှန်တစ်ချပ် ရှိနေတာမို့ အဲဒီမှန်ချပ်ကနေ တစ်ဆင့် သမီးလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင် လိုက်ရချိန်မှာတော့ ကျွန်မ မရယ်မောဘဲ မနေနိုင်တော့ပါဘူး။ သမီးလေးရဲ့ မျက်နှာ လေးက စိတ်ဆိုးနေတဲ့ ကျွန်မကို ရယ်မောစေနိုင်ပါ တယ်။ မျက်လုံးဝိုင်းဝိုင်း ကလေးတွေနဲ့ မျက်နှာ ကလေးက ပြုံးစပြုံးစိလုပ်နေ တာကိုး။ ကျွန်မ မနေနိုင် တော့ဘဲ တံခါးဖွင့်ပေးလိုက် တော့ သူက ခေါင်းကလေး ကုတ်ပြီး အခန်းထဲဝင်လာ ပါတယ်။
“စိတ်ညစ်လိုက်တာ.”
လို့ ဆိုတာမို့ ကျွန်မ က…

“နေပါဦး…သမီးက ဘာဖြစ်လို့ စိတ်ညစ်ရတာ လဲ”
လို့ ပြန်မေးလိုက်တော့ သူကလေးက…
“မေမေ စိတ်ဆိုးနေလေ” တဲ့လေ။

တလောတုန်းက ကျွန်မ ရဲ့မေမေ ကျွန်မတို့ဆီမှာ လာ နေတုန်းက ထမင်းစားပြီးရင် အမေက သူ့ပန်းကန်ကလေး ကို ဦးအောင် ဆေးဆေးသွား တတ်တာမို့ ကျွန်မက…
“အမေ… ထားလိုက်၊ မီးဆေးပေးမယ်”
လို့ အမှတ်တမဲ့ ပြောဖူး တာကို သမီးက မှတ်ထား လိမ့်မယ်လို့ မထင်ဘူးလေ။

နောက်ကျတော့ ကျွန်မ ပန်း ကန်ဆေးတဲ့အခါ သမီးလေး က ထမင်းစားပွဲကနေ လှမ်း ပြီး…
“မေမေ… ထားလိုက်၊ မီး ဆေးပေးမယ်”
လို့ အော်လိုက်တာမို့ ကျွန်မတို့မှာ ကြားကြားချင်း တုန်းက အံ့သြစွာနဲ့ ရယ်မိ ကြပါတယ်။

နောက်တစ်ခါ မောင့်ရဲ့ မေမေ လာလည်တုန်းက လည်း သမီး ဆိုးတဲ့အခါ မောင်နဲ့ကျွန်မက ဆူမယ်ကြံ တုန်း အန်တီက…
နေပါစေ သားရယ်၊ နေပါစေ ထားရယ်”
လို့ ပြောလေ့ရှိတတ် တာကို သူက မှတ်ထားပြီး အန်တီလည်းပြန်သွားရော သူ မဟုတ်တာ တစ်ခုခုလုပ် တော့မယ်ဆိုရင် ပြုံးစိစိ မျက်နှာပေးကလေးနဲ့ သူက ဦးအောင် ကြိုပြီး…

“နေပါစေ ထားရယ်၊ နေပါစေ သားရယ်” လို့…
ပြောတတ်လာ တာမို့ ကျွန်မတို့မှာ ရယ်ရပြန် ပါတယ်။ ခုတော့လည်း ကျွန်မတို့ရဲ့ အိမ်ဂေဟာ ကလေးမှာ သမီးလေးဆိုတဲ့ ဆည်းလည်း ချိုချိုလွင်လွင် ကလေးကြောင့် ရယ်မောသံ တွေ အမြဲပဲ ဆူညံနေပါတော့ တယ်။




လွန်းထားထား(ဆေးတက္ကသိုလ်) 

(ရွှေအမြုတေမဂ္ဂဇင်း)

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...