အတွေးစာစု (၃၂)

မလေးဘူးလားကွယ်..

မင်းလွယ်ထားတဲ့  မာနတရားတွေ..

ဒေါသအမုန်းတွေ..

အတ္တလောဘ..ဝန်တိုမိစ္ဆေယတွေ..

မင်းရင်အိတ်ထဲပြွတ်သိပ်ထိုးကြိတ်..

လှောင်ပိတ်လှပြီ...။

လွှတ်ချလိုက်ပါ..

နာကျင်စရာမှန်သမျှ...

၂၀၁၂..အိတ်အသစ်ထဲ..

ပျော်ရွှင်ခြင်းနဲ့ မုဒိတာတွေ...

မျှဝေခြင်းနဲ့ လိုတရစေ...

အောင်မြင်ခြင်းနဲ့ ကျန်းမာခြင်းတွေ..

မင်းအပိုင်သာဖြစ်ပါစေ...။

ချစ်ခြင်းများစွာဖြင့်...


လွန်းထားထား(ဆေးတက္ကသိုလ်)

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics